Psalms 68:5
သန့်ရှင်းမြင့်မြတ်သည့်ဗိမာန်တော်တွင် ကိန်းဝပ်တော်မူသောဘုရားသခင်သည် မိဘမဲ့သူများကိုစောင့်ရှောက်၍မုဆိုးမ များကို ကာကွယ်တော်မူ၏။
Common Language Bible
In The King James Version
A father of the fatherless, and a judge of the widows, is God in his holy habitation.
In Context
Cross References
Deuteronomy 10:18မိဘမဲ့ကလေးများနှင့်မုဆိုးမများသည် တရားမျှတမှုရရှိစေရန်စီရင်တော်မူ၏။ သင်တို့နှင့်အတူတကွနေထိုင်သောလူမျိုး ခြားများကိုချစ်တော်မူသဖြင့် သူတို့၏ စားရေးဝတ်ရေးကိုကြည့်ရှုတော်မူ၏။-
2 Chronicles 6:2ယခုအခါအကျွန်ုပ်သည်ကိုယ်တော်စံတော်မူရာ ဗိမာန်တော်၊ ကိုယ်တော်ထာဝစဉ်ကိန်းဝပ်တော်မူရာ ဌာနတော်ကိုတည်ဆောက်ပြီးပါပြီ'' ဟု ပတ္ထနာပြုတော်မူ၏။
Job 29:12အကြောင်းမူကား၊ ငါသည်ဆင်းရဲသောသူ၊ မိဘမရှိသောသူ၊ ကိုးကွယ်ရာမရသော သူအော်ဟစ်သော အခါ ကယ်တင်တတ်၏။
Psalms 10:14သို့ရာတွင်ကိုယ်တော်သည်ဒုက္ခဝေဒနာများကို အမှန်ပင်မြင်၍မစရန်အမြဲအသင့် ရှိတော်မူပါ၏။ ခိုးကိုးရာမဲ့သူသည်မိမိကိုယ်ကိုလက်တော်သို့ အပ်တတ်ပါ၏။ ကိုယ်တော်သည်ချို့တဲ့နွမ်းပါးသူတို့ကို အစဉ်အမြဲကူမတော်မူခဲ့ပါ၏။
Psalms 33:14ကိုယ်တော်သည်မိမိစိုးစံတော်မူရာအရပ် မှငုံ့၍ ကမ္ဘာမြေကြီးပေါ်ရှိသတ္တဝါအပေါင်းတို့ကို ကြည့်တော်မူ၏။
Psalms 72:4မင်းကြီးသည်ဆင်းရဲသူတို့အားမျှတစွာ တရားစီရင်ဆုံးဖြတ်ပါစေသော။ ချို့တဲ့နွမ်းပါးသူတို့အားကူမတော်မူပါ စေသော။ ဖိစီးနှိပ်စက်သူတို့အားနှိမ်နင်းတော်မူပါ စေသော။