Psalms 68:6
ကိုယ်တော်သည်အဖော်မဲ့သူတို့အားအိမ် ထောင်နှင့် နေထိုင်ခွင့်ကိုပေးတော်မူ၍ အကျဉ်းခံရသူတို့ကိုအနှောင်အဖွဲ့မှ လွတ်မြောက်စေတော်မူ၏။ သို့ရာတွင်ကိုယ်တော်အားပုန်ကန်ကြသူတို့ သည်ကား သွေ့ခြောက်သည့်အရပ်တွင်နေထိုင်ကြရလိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 28:23မိုးမရွာသဖြင့်သင်တို့၏မြေသည်သံ ကဲ့သို့မာကျောလာလိမ့်မည်။-
Psalms 10:14သို့ရာတွင်ကိုယ်တော်သည်ဒုက္ခဝေဒနာများကို အမှန်ပင်မြင်၍မစရန်အမြဲအသင့် ရှိတော်မူပါ၏။ ခိုးကိုးရာမဲ့သူသည်မိမိကိုယ်ကိုလက်တော်သို့ အပ်တတ်ပါ၏။ ကိုယ်တော်သည်ချို့တဲ့နွမ်းပါးသူတို့ကို အစဉ်အမြဲကူမတော်မူခဲ့ပါ၏။
Psalms 107:10အချို့သောသူတို့သည်မှောင်မိုက်အတိဖုံးလွှမ်းရာ အရပ်၌နေထိုင်ရလျက်သံကြိုးဖြင့် ချည်နှောင်ခြင်းခံရလျက်ဒုက္ခခံရကြ၏။
Psalms 107:34ပြည်သူတို့၏ယုတ်မာမှုကြောင့်ကိုယ်တော်သည် မြေကောင်းမြေသန့်ကို အသုံးမဝင်သည့်ဆားမြေအဖြစ်သို့ ပြောင်းလဲစေတော်မူ၏။
Psalms 113:9ကိုယ်တော်သည်မြုံသောအိမ်ရှင်မအား ချီးမြှင့်တော်မူရာသားသမီးရစေ၍ ဝမ်းမြောက်စေတော်မူ၏။ ထာဝရဘုရားအားထောမနာပြုကြလော့။
Proverbs 23:11အကြောင်းမူကား၊ ထိုသူတို့ကို ရွေးတော်မူသော သူသည် တန်ခိုးကြီး၍၊ သင့်တဘက်၌ သူတို့အမှုကို စောင့်တော်မူလိမ့်မည်။