Psalms 69:18
ကြွလာတော်မူ၍ကျွန်တော်မျိုးကိုကယ်တော် မူပါ။ ရန်သူများ၏လက်မှကယ်ဆယ်တော်မူပါ။
Common Language Bible
In The King James Version
Draw nigh unto my soul, and redeem it: deliver me because of mine enemies.
In Context
Cross References
Joshua 7:9ခါနာန်အမျိုးသားမှစ၍ဤပြည်ရှိလူ အပေါင်းတို့သည် ထိုသတင်းကိုကြားသဖြင့် အကျွန်ုပ်တို့ကိုဝိုင်း၍ တစ်ယောက်မျှမကျန် အောင်သတ်ဖြတ်ကြပါလိမ့်မည်။ ထိုအခါ ကိုယ်တော်၏ဘုန်းတန်ခိုးတော်ကို လူတို့ အထင်မသေးကြစေခြင်းငှာမည်သို့ ပြုတော်မူပါမည်နည်း'' ဟုလျှောက်ထား လေ၏။
Psalms 10:1အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အဘယ်ကြောင့်အဝေး၌ နေတော်မူပါသနည်း။ ကျွန်တော်မျိုးတို့ဒုက္ခရောက်ချိန်၌အဘယ် ကြောင့် မျက်နှာတော်ကိုလွှဲတော်မူပါသနည်း။
Psalms 22:12ကျွန်တော်မျိုး၏ရန်သူတို့သည်ဗာရှန်ဒေသမှ ကြောက်မက်ဖွယ်ကောင်းသောနွားသိုးများကဲ့သို့ ကျွန်တော်မျိုးကိုဝိုင်းရံထားကြပါ၏။
Psalms 22:20ဋ္ဌားဘေးမှကျွန်တော်မျိုးအားကယ်တော်မူပါ။ ခွေးကဲ့သို့သောသူတို့၏ဘေးမှကျွန်တော် မျိုး၏ အသက်ကိုကယ်တော်မူပါ။
Psalms 31:5ကျွန်တော်မျိုးသည်မိမိကိုယ်ကိုလက်တော်သို့ အပ်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကယ်တော်မူပါလိမ့်မည်။ ကိုယ်တော်ရှင်သည်သစ္စာစောင့်တော်မူသောဘုရား ဖြစ်တော်မူပါ၏။
Psalms 111:9ကိုယ်တော်သည်မိမိ၏လူစုတော်အား လွတ်မြောက်စေတော်မူပြီးလျှင် သူတို့နှင့်ထာဝရပဋိညာဉ်ပြုတော် မူ၏။ ကိုယ်တော်သည်သန့်ရှင်းမြင့်မြတ်တော်မူ၍ တန်ခိုးကြီးတော်မူပါသည်တကား။