Psalms 69:27
သူတို့၏အပြစ်ရှိသမျှကိုစာရင်းပြု၍ မှတ်သားထားတော်မူပါ။ ကိုယ်တော်ရှင်၏ကယ်တင်ခြင်းကျေးဇူးတော် ကို သူတို့အားခံစားခွင့်ပေးတော်မမူပါနှင့်။
Common Language Bible
In The King James Version
Add iniquity unto their iniquity: and let them not come into thy righteousness.
In Context
Cross References
Exodus 8:15တိုင်းပြည်တွင်အခြေအနေကောင်းလာကြောင်း ကိုတွေ့မြင်ရသောအခါ၊ ဘုရင်သည်ထာဝရ ဘုရားမိန့်တော်မူခဲ့သည့်အတိုင်းခေါင်းမာမြဲ ခေါင်းမာလျက် မောရှေနှင့်အာရုန်တို့၏စကား ကိုနားမထောင်ဘဲနေလေ၏။
Exodus 9:12သို့ရာတွင်ထာဝရဘုရားသည်ဘုရင်ကို ခေါင်းမာစေသဖြင့် မောရှေအားထာဝရ ဘုရားမိန့်တော်မူခဲ့သည့်အတိုင်းဘုရင်သည် ဣသရေလအမျိုးသားတို့အားသွားခွင့် မပြုဘဲနေလေ၏။
Nehemiah 4:5မြို့ရိုးကိုတည်ဆောက်လျက်နေသူအကျွန်ုပ် တို့အား သူတို့သည်စော်ကားကြသောကြောင့် သူတို့ပြုသောဒုစရိုက်ကိုခွင့်လွှတ်တော်မ မူပါနှင့်။ သူတို့၏အပြစ်များကိုမေ့တော် မမူပါနှင့်'' ဟုဆုတောင်းပတ္ထနာပြု၏။
Psalms 24:5ထာဝရဘုရားသည်ထိုသူအားကောင်းချီး ပေး၍ ကယ်တင်တော်မူလိမ့်မည်။ ထိုသူသည်အပြစ်ကင်းသူဖြစ်ကြောင်း ထာဝရဘုရားသည်ကြေညာတော်မူ လိမ့်မည်။
Psalms 109:14သူ၏ဘိုးဘေးတို့ပြုခဲ့သည့်မကောင်းမှု များကို ထာဝရဘုရားသည်သတိရတော်မူပါစေသော။ သူ၏မိခင်ကူးလွန်ခဲ့သည့်အပြစ်များကိုလည်း ဖြေလွှတ်တော်မမူပါနှင့်။
Isaiah 5:6ငါသည်ထိုစပျစ်ဥယျာဉ်ကိုပေါင်းပင်များ နှင့်ပြည့်နှက်နေစေမည်။ စပျစ်ခက်တို့ကိုရှင်း လင်း၍မြေကိုတူးဆွ၍ပေးလိမ့်မည်မဟုတ်။ ဆူးပင်အမျိုးမျိုးကိုပေါက်စေမည်။ ထိုဥယျာဉ် အပေါ်သို့မိုးမရွာစေရန် မိုးတိမ်များကိုပင် ငါပိတ်ပင်ဆီးတားမည်'' ဟုမြွက်ဆို၏။