The Bible Software
bible.software › Psalms › Psalms 69 › Psalms 69:28

Psalms 69:28

သူ​တို့​၏​နာ​မည်​များ​သည်​အ​သက်​ရှင်​သူ​များ စာ​ရင်း​စာ​စောင်​မှ​ပယ်​ဖျက်​ခြင်း​ခံ​ရ​ပါ​စေ​သော။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​တွင် စာ​ရင်း​မ​ဝင်​သူ​များ​ဖြစ်​ကြ​ပါ​စေ သော။

Common Language Bible

In The King James Version

Let them be blotted out of the book of the living, and not be written with the righteous.

In Context

27သူ​တို့​၏​အ​ပြစ်​ရှိ​သ​မျှ​ကို​စာ​ရင်း​ပြု​၍ မှတ်​သား​ထား​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​တော် ကို သူ​တို့​အား​ခံ​စား​ခွင့်​ပေး​တော်​မ​မူ​ပါ​နှင့်။

29သို့​ရာ​တွင်​ကျွန်​တော်​မျိုး​သည်​နာ​ကျင်​၍ စိတ်​ပျက်​အား​လျော့​လျက်​ရှိ​ပါ​၏။ အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​အား​ချီ​ပင့်​၍​ကယ်​တော်​မူ​ပါ။

Read all of Psalms 69

Cross References

Isaiah 4:3ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော်​မူ​ခြင်း​ကို​ခံ ရ​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​သက်​ရှင်​ကျန်​ရှိ​နေ သူ​မှန်​သ​မျှ​သည် သန့်​ရှင်း​မြင့်​မြတ်​သူ​များ ဟု​ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။-

Ezekiel 13:9ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အ​တု​များ​ကို​မြင်​၍​မှား ယွင်း​သော​ကြို​တင်​ဟော​ပြော​မှု​ကို​ပြု​ကြ ၏။ အ​သင်​ပ​ရော​ဖက်​တို့​အား​ငါ​ဒဏ်​ခတ် တော်​မူ​အံ့။ သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော် တိုင်​ပင်​စည်း​ဝေး​ရာ​သို့​ဝင်​ရ​လိမ့်​မည်​မ ဟုတ်။ ဣ​သ​ရေ​လ​နိုင်​ငံ​သား​တို့​၏​စာ​ရင်း တွင်​လည်း​သင်​တို့​၏​နာ​မည်​များ​ကို​မ​သွင်း ရ။ သင်​တို့​သည်​မိ​မိ​တို့​ပြည်​သို့​အ​ဘယ် အ​ခါ​၌​မျှ​မ​ပြန်​ရ။ ထို​အ​ခါ​ငါ​သည် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။''

Luke 10:20သို့​ရာ​တွင်​သင်​တို့​သည်​နတ်​မိစ္ဆာ​များ​ကို​နှိမ်​နင်း​နိုင် သည့်​အ​တွက်​ဝမ်း​မ​မြောက်​ကြ​နှင့်။ ကောင်း​ကင်​ဘုံ တွင်​သင်​တို့​၏​နာမည်​များ​စာ​ရင်း​ဝင်​ပြီး​ဖြစ်​သည့် အ​တွက်​သာ​လျှင်​ဝမ်း​မြောက်​ကြ​လော့'' ဟု​မိန့် တော်​မူ​၏။

Hebrews 12:23သင်​တို့​သည်​ကောင်း​ကင်​ဘုံ​စာ​ရင်း​ဝင်​သား ဦး​များ​ပျော်​ရွှင်​စွာ​စု​ဝေး​ရာ​သို့​ရောက်​ရှိ နေ​ကြ​၏။ သင်​တို့​သည်​လူ​အ​ပေါင်း​တို့​ကို တ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင်​ဘု​ရား သ​ခင်​၏​ထံ​တော်​သို့​လည်း​ကောင်း၊ အြုပစ် ဆို​ဖွယ်​မ​ရှိ​သော​သူ​တော်​ကောင်း​တို့​၏ ဝိညာဉ်​များ​ထံ​သို့​လည်း​ကောင်း​ရောက်​ရှိ နေ​ကြ​၏။-

Revelation 13:8အ​သေ​သတ်​ခြင်း​ခံ​ရ​သည့်​သိုး​သူ​ငယ်​တော် ၏​အ​သက်​စာ​စောင်​တွင် ကမ္ဘာ​လော​က​ကို​ဖန် ဆင်း​တော်​မ​မူ​မီ​က​ပင် စာ​ရင်း​ဝင်​သူ​တို့​မှ တစ်​ပါး​ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​သည် ထို​သား​ရဲ​အား​ရှိ​ခိုး​ကြ​လိမ့်​မည်။

Revelation 22:19မည်​သူ​မ​ဆို​ဤ​ကျမ်း​စောင်​ပါ​ပ​ရော​ဖက် စ​ကား​များ​မှ​တစ်​စုံ​တစ်​ရာ​ကို​နုတ်​ပယ်​ပါ​က ထို​သူ​ထံ​မှ​ဘု​ရား​သ​ခင်​သည် ဤ​ကျမ်း​စောင်​၌ ဖော်​ပြ​သော​အ​သက်​ပင်​၏​အ​သီး​ကို​စား​သုံး​ခွင့် နှင့် မြင့်​မြတ်​သန့်​ရှင်း​သော​မြို့​တော်​သို့​ဝင်​စား​ခွင့် ကို​နုတ်​ပယ်​တော်​မူ​လိမ့်​မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Psalms 69:28

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)
← Psalms 69:27Psalms 69Psalms 69:29 →