bible.software › Psalms › Psalms 69 › Psalms 69:5
Psalms 69:5
အို ဘုရားသခင်၊ ကျွန်တော်မျိုး၏အပြစ်များကိုကိုယ်တော် ထံတော်မှ ဖုံးကွယ်၍မရပါ။ ကျွန်တော်မျိုးအဘယ်မျှမိုက်မဲသည်ကို ကိုယ်တော်ရှင်သိတော်မူပါ၏။
Common Language Bible
In The King James Version
O God, thou knowest my foolishness; and my sins are not hid from thee.
In Context
4ကျွန်တော်မျိုးအားအကြောင်းမဲ့မုန်းသော သူတို့၏အရေအတွက်သည်ကျွန်တော်မျိုး ဦးခေါင်းမှဆံပင်ထက်ပို၍များပါ၏။ လိမ်လည်ပြောဆို၍ကျွန်တော်မျိုးအား ရန်ဘက်ပြုသူတို့သည်ခွန်အားကြီးကြပါ၏။ ကျွန်တော်မျိုးအားသတ်ဖြတ်လိုကြပါ၏။ သူတို့အားကျွန်တော်မျိုးမခိုးမယူသည့် ပစ္စည်းဥစ္စာများကိုပြန်၍ပေးရပါ၏။
6အနန္တတန်ခိုးရှင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင်အားယုံကြည်ကိုးစားသူတို့သည် ကျွန်တော်မျိုး၏အတွက်ကြောင့်အရှက်မကွဲ ကြရပါစေနှင့်။ အို ဣသရေလအမျိုးသားတို့၏ဘုရားသခင်၊ ကိုယ်တော်ရှင်အားဝတ်ပြုကိုးကွယ်သူတို့သည် ကျွန်တော်မျိုး၏အတွက်ကြောင့် ဂုဏ်အသရေမပျက်ရကြပါစေနှင့်။
Read all of Psalms 69
Cross References
Psalms 19:12အဘယ်သူမျှမိမိ၏အမှားအယွင်းများကို မမြင်နိုင်ပါ။ အို ထာဝရဘုရား၊ မထင်ရှားသည့်အပြစ်များနှင့်ကျွန်တော်မျိုးအား ကင်းစင်စေတော်မူပါ။
Psalms 38:5ကျွန်တော်မျိုး၏မိုက်မဲမှုကြောင့်ရရှိသော အနာများသည်ပုပ်စပ်နံစော်လျက်နေပါ၏။
Psalms 44:20အကယ်၍ကျွန်တော်မျိုးတို့သည်မိမိတို့၏ ဘုရားအားဝတ်မပြုရှိမခိုးဘဲ တစ်ကျွန်းတစ်နိုင်ငံသားတို့၏ဘုရားထံသို့ ဆုတောင်းပတ္ထနာပြုကြပါမူ
This Verse In Other Editions
Study Psalms 69:5