Psalms 69:4
ကျွန်တော်မျိုးအားအကြောင်းမဲ့မုန်းသော သူတို့၏အရေအတွက်သည်ကျွန်တော်မျိုး ဦးခေါင်းမှဆံပင်ထက်ပို၍များပါ၏။ လိမ်လည်ပြောဆို၍ကျွန်တော်မျိုးအား ရန်ဘက်ပြုသူတို့သည်ခွန်အားကြီးကြပါ၏။ ကျွန်တော်မျိုးအားသတ်ဖြတ်လိုကြပါ၏။ သူတို့အားကျွန်တော်မျိုးမခိုးမယူသည့် ပစ္စည်းဥစ္စာများကိုပြန်၍ပေးရပါ၏။
Common Language Bible
In The King James Version
In Context
Cross References
Psalms 7:3ကျွန်တော်မျိုး၏ဘုရားသခင်ထာဝရဘုရား၊ အကယ်၍ကျွန်တော်မျိုးသည်တစ်စုံတစ်ယောက်ကိုပြစ်မှားမိခဲ့လျှင်သော်လည်းကောင်း၊ မိတ်ဆွေကိုသစ္စာဖောက်ခဲ့လျှင်သော်လည်းကောင်း၊ ရန်သူကိုအကြောင်းမဲ့အကျိုးနည်းစေခဲ့လျှင်သော်လည်းကောင်း
Psalms 35:19ကျွန်တော်မျိုး၏ရန်သူလူလိမ်လူညာများ အား ကျွန်တော်မျိုးအရေးရှုံးနိမ့်မှုကိုအကြောင်း ပြုကာ နှစ်ထောင်းအားရခွင့်ကိုပေးတော်မမူပါ နှင့်။ အကြောင်းမဲ့ကျွန်တော်မျိုးကိုမုန်းသောသူတို့အား ကျွန်တော်မျိုး၏ဝမ်းနည်းမှုကိုအကြောင်းပြု၍ လှောင်ပြောင်ခွင့်ကိုပေးတော်မမူပါနှင့်။
Psalms 40:12ရေတွက်၍မရနိုင်အောင်များမြောင်သော ဘေးဒုက္ခတို့သည်ကျွန်တော်မျိုးအားဝိုင်းရံလျက် ရှိပါသည်တကား။ ကျွန်တော်မျိုး၏အပြစ်များကကျွန်တော်မျိုးအား လိုက်၍မီသဖြင့်ကျွန်တော်မျိုးသည် မမြင်နိုင်တော့ပါ။ ယင်းအပြစ်တို့သည်ကျွန်တော်မျိုးဦးခေါင်းမှ ဆံပင်ထက်များပြားသည်ဖြစ်၍ ကျွန်တော်မျိုးသည်စိတ်ပျက်အားလျော့ပါပြီ။
Psalms 109:3သူတို့သည်ကျွန်တော်မျိုးအားအကြောင်းမဲ့ တိုက်ခိုက်၍ကျွန်တော်မျိုး၏အကြောင်း ဆိုးရွားသောသတင်းများကိုလွှင့်ကြပါ၏။
John 15:25ဤသို့မုန်းကြရခြင်းမှာပညတ်ကျမ်း၌ `သူ တို့သည်ငါ့ကိုအကြောင်းမဲ့မုန်းကြ၏' ဟူ၍ ရေးသားဖော်ပြထားသည့်အတိုင်းဖြစ်ပျက် ခြင်းပင်တည်း။''
1 Peter 2:22ကိုယ်တော်သည်အပြစ်မကူး၊ မုသားကို လည်းအဘယ်အခါ၌မျှသုံးတော်မမူ။-