Psalms 70:4
ကိုယ်တော်ရှင်၏ထံတော်သို့ချဉ်းကပ်သူ အပေါင်းတို့သည်ဝမ်းမြောက်ရွှင်လန်းကြပါ စေသော။ ကိုယ်တော်ရှင်၏ကယ်တင်ခြင်းကျေးဇူးတော် အတွက် ကျေးဇူးတော်ကိုချီးမွမ်းကြသူအပေါင်းတို့ သည် ``ဘုရားသခင်သည်အလွန်ကြီးမြတ်တော်မူ ပါပေသည်'' ဟုအစဉ်မပြတ်ချီးကူး ကြပါစေသော။
Common Language Bible
In The King James Version
In Context
Cross References
Psalms 5:11သို့ရာတွင်ကိုယ်တော်ရှင်ထံတော်တွင်လုံခြုံစွာ ခိုလှုံကြသောသူအပေါင်းတို့သည် ဝမ်းမြောက်ရွှင်လန်းရကြပါလိမ့်မည်။ သူတို့သည်ဝမ်းမြောက်သဖြင့်အစဉ် သီချင်းဆိုကြပါလိမ့်မည်။ ကိုယ်တော်ရှင်သည်မိမိအားချစ်သူတို့ကို ကွယ်ကာစောင့်ထိန်းတော်မူပါ၏။ ကိုယ်တော်ရှင်ကြောင့်သူတို့သည်အကယ်ပင် ဝမ်းမြောက်ရကြပါ၏။
Psalms 40:16ကိုယ်တော်ရှင်၏ထံတော်သို့ချဉ်းကပ်ကြသူ အပေါင်းတို့သည်ဝမ်းမြောက်ရွှင်လန်းကြပါစေသော။ ကိုယ်တော်ရှင်၏ကယ်တင်ခြင်းကျေးဇူးအတွက် ကျေးဇူးတော်ကိုချီးမွမ်းကြသူအပေါင်းတို့ သည် ``ထာဝရဘုရားသည်အလွန်ကြီးမြတ်တော်မူ ပါပေသည်'' ဟု အစဉ်မပြတ်ချီးကူးနိုင်ကြပါစေသော။
Isaiah 61:10ယေရုရှလင်မြို့သည်ထာဝရဘုရားပြု တော်မူသော အမှုတော်အတွက်ရွှင်လန်းဝမ်းမြောက်ရလိမ့်မည်။ သူသည်မင်္ဂလာဆောင်ပွဲအတွက်ဝတ်စား တန်ဆာဆင်ထားသည့်သတို့သမီးနှင့်တူ၏။ ဘုရားသခင်သည်သူ့ကိုကယ်တင်ခြင်းနှင့် အောင်မြင်ခြင်း တို့ဖြင့်တန်ဆာဆင်ပေးတော်မူပါ၏။
Lamentations 3:25ထာဝရဘုရားသည်မိမိအားယုံကြည်ကိုးစား သူမှန်သမျှကိုကျေးဇူးပြုတော်မူတတ်၏။