Psalms 71:20
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား များပြားဆိုးရွားသောဘေးဒုက္ခများနှင့် တွေ့ကြုံစေတော်မူသော်လည်း ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားပြန်၍ အားအင်ပြည့်ဝစေတော်မူလျက်သေဘေးမှ ကယ်တော်မူပါလိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
2 Samuel 12:11ငါသည်သင်၏မိသားစုထဲမှပင်သင့်အား ဒုက္ခပေးမည့်သူတစ်ဦးကိုပေါ်ပေါက်လာ စေမည်။ သင်၏မယားများကိုအခြားသူ အားငါပေးအပ်သည်ကိုသင်မြင်ရလိမ့်မည်။ ထိုသူသည်သင်၏မယားတို့နှင့်နေ့ခင်း ကြောင်တောင်၌ကိုယ်လက်နှီးနှောမှုကိုပြု လိမ့်မည်။-
Psalms 40:1ငါသည်ဘုရားသခင်ကူမတော်မူမည်ကို သည်းခံစောင့်မျှော်လျက်နေသောအခါ ကိုယ်တော်သည်နားစွင့်တော်မူ၍ငါ၏ ဟစ်အော်သံကိုကြားတော်မူ၏။
Psalms 60:5ကိုယ်တော်ရှင်၏တန်ခိုးတော်အားဖြင့် ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။ ချစ်တော်မူသောသူတို့သည်ကယ်ဆယ် ခြင်း ခံရကြစေရန်ကျွန်တော်မျိုးတို့၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူပါ။
Psalms 80:18ကျွန်တော်မျိုးတို့သည်အဘယ်အခါ၌မျှ ကိုယ်တော်ရှင်အားကျောခိုင်းကြတော့မည် မဟုတ်ပါ။ ကျွန်တော်မျိုးတို့အားအသက်ရှင်စေတော်မူလျှင် ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်အား ထောမနာပြုပါမည်။
Psalms 86:13ကျွန်တော်မျိုးအပေါ်၌ကိုယ်တော်ရှင် ထားတော်မူသောခိုင်မြဲသောမေတ္တာတော်သည် ကြီးမားလှပါသည်တကား။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားမရဏာ နိုင်ငံမှ ကယ်နုတ်တော်မူပါပြီ။
Psalms 95:4ကိုယ်တော်သည်အနက်ဆုံးသောမြေကြီး နက်ရှိုင်းရာများမှ အမြင့်ဆုံးသောတောင်ထိပ်များတိုင်အောင် ကမ္ဘာလောကတစ်ခုလုံးကိုအစိုးရတော်မူ၏။