The Bible Software
bible.software › Psalms › Psalms 71 › Psalms 71:21

Psalms 71:21

ကျွန်​တော်​မျိုး​အား​ယ​ခင်​အ​ခါ​က​ထက် ပို​မို​ကြီး​မြင့်​စေ​တော်​မူ​၍​နှစ်​သိမ့်​မှု​ကို တစ်​ဖန် ပေး​တော်​မူ​ပါ​လိမ့်​မည်။

Common Language Bible

In The King James Version

Thou shalt increase my greatness, and comfort me on every side.

In Context

20ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား များ​ပြား​ဆိုး​ရွား​သော​ဘေး​ဒုက္ခ​များ​နှင့် တွေ့​ကြုံ​စေ​တော်​မူ​သော်​လည်း ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ပြန်​၍ အား​အင်​ပြည့်​ဝ​စေ​တော်​မူ​လျက်​သေ​ဘေး​မှ ကယ်​တော်​မူ​ပါ​လိမ့်​မည်။

22ကျွန်​တော်​မျိုး​သည်​အ​မှန်​ပင်​ကိုယ်​တော်​ရှင်​အား စောင်း​တီး​၍​ထော​မ​နာ​ပြု​ပါ​မည်။ အို ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော် အ​ကြောင်း​ကို​ထော​မ​နာ​ပြု​ပါ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း မြင့်​မြတ် တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​သည့် ကိုယ်​တော်​ရှင်​အား​စောင်း​တီး​၍့​ဋ္ဌမ္မ​သီ​ချင်း များ​ဖြင့် ချီး​မွမ်း​ပါ​မည်။

Read all of Psalms 71

Cross References

Psalms 18:35အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​ကွယ်​ကာ စောင့်​ရှောက်​၍​ကယ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​ကြည့်​ရှု​ပြု​စု​တော်​မူ​သ​ဖြင့် ကျွန်​တော်​မျိုး​သည်​ကြီး​မြင့်​လာ​ရ​ပါ​၏။ ကိုယ်​တော်​၏​တန်​ခိုး​တော်​အား​ဖြင့်​ဘေး​မဲ့ လုံ​ခြုံ​စွာ နေ​ရ​ပါ​၏။

Psalms 32:10သူ​ယုတ်​မာ​တို့​သည်​ဒုက္ခ​ရောက်​ကြ​ရ​လိမ့်​မည်။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​ကို​ကိုး​စား​သူ​တို့​မူ​ကား ခိုင်​မြဲ​သော​မေတ္တာ​တော်​ဖြင့်​ကွယ်​ကာ​ခြင်း​ကို ခံ​ရ​၏။

Psalms 86:17အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း​ကို​သက်​သေ​ပြ တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​နှစ်​သိမ့် မှု​နှင့် ကူ​ညီ​မ​စ​မှု​ပေး​တော်​မူ​သည်​ကို ကျွန်​တော်​မျိုး​ကို​မုန်း​သော​သူ​တို့​သည် မြင်​ကြ​သော​အ​ခါ​အ​ရှက်​ရ​ကြ​ပါ လိမ့်​မည်။

Isaiah 12:1``အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​အား၊ ကျွန်​တော်​မျိုး​ထော​မ​နာ​ပြု​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ယ​ခင်​က​ကျွန်​တော်​မျိုး​အား အ​မျက်​ထွက်​တော်​မူ​ခဲ့​သော်​လည်း၊ ယ​ခု​အ​ခါ​အ​မျက်​ထွက်​တော်​မ​မူ​တော့​ဘဲ နှစ်​သိမ့်​မှု​ကို​ပေး​တော်​မူ​ပါ​ပြီ'' ဟု လူ​တို့​သီ​ဆို​ကူး​ဧ​ကြ​မည့်​အ​ချိန်​ကာ​လ ရောက်​လာ​လိမ့်​မည်။

Isaiah 49:13အို မိုး​ကောင်း​ကင်၊သီ​ချင်း​ဆို​လော့။ အို ကမ္ဘာ​မြေ​ကြီး၊ ရွှင်​လန်း​ဝမ်း​မြောက်​စွာ သီ​ချင်း​ဆို​ကြ​လော့။ တောင်​ရိုး​တို့​သည်​အ​သံ​လွှင့်​၍​သီ​ချင်း​ဆို​ကြ​စေ။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား နှစ်​သိမ့်​မှု​ကို​ပေး​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​ဆင်း​ရဲ​ဒုက္ခ​ရောက်​လျက် ရှိ​သော မိ​မိ​၏​လူ​မျိုး​တော်​အား​သ​နား​တော်​မူ​လိမ့်​မည်။

2 Corinthians 2:14သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြီး လှ​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ငါ​တို့​အား​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​စေ​လျက် သုံ့​ပန်း​များ​အ​ဖြစ်​ဖြင့်​ခ​ရစ်​တော် ၏​အောင်​ပွဲ​ခံ​အ​ခမ်း​အ​နား​လှည့်​လည်​ရာ​တွင် အ​စဉ်​အ​မြဲ​လိုက်​ပါ​စေ​တော်​မူ​သော​ကြောင့် ဖြစ်​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Psalms 71:21

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)
← Psalms 71:20Psalms 71Psalms 71:22 →