Psalms 71:9
ယခုအခါ၌ကျွန်တော်မျိုးသည်အိုမင်းသော ကြောင့် ကျွန်တော်မျိုးအားပစ်ပယ်တော်မမူပါနှင့်။ ယခုအခါမစွမ်းမသန်သောကြောင့် ကျွန်တော်မျိုးအားစွန့်ပစ်တော်မမူပါနှင့်။
Common Language Bible
In The King James Version
Cast me not off in the time of old age; forsake me not when my strength faileth.
In Context
Cross References
2 Samuel 21:15ဖိလိတ္တိအမျိုးသားတို့နှင့်ဣသရေလအမျိုး သားတို့သည်တစ်ဖန်စစ်ဖြစ်ကြပြန်၏။ ဒါဝိဒ် နှင့်လူတို့သည် ဖိလိတ္တိအမျိုးသားတို့ထံသို့ သွားရောက်တိုက်ခိုက်ကြ၏။ တိုက်ပွဲတစ်ခုတွင် ဒါဝိဒ်သည်မောပန်းလျက်နေ၏။-
Psalms 73:26ကျွန်တော်မျိုး၏ကိုယ်စိတ်သည်အင်အား ချိနဲ့လာပါလိမ့်မည်။ သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ စွမ်းအားဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်မှတစ်ပါး မည်သူ့ကိုမျှမလိုပါ။
Psalms 92:13သူတို့သည်ထာဝရဘုရား၏အိမ်တော်တွင်စိုက်ပျိုး၍ ငါတို့ဘုရားသခင်၏ဗိမာန်တော်တွင်စိမ်းလန်း စိုပြေလျက်နေသည့်သစ်ပင်များနှင့်တူကြ၏။ ထိုသစ်ပင်တို့သည်အသက်အိုချိန်၌ပင်လျှင် အသီးများသီး၍အစဉ်အမြဲစိမ်းလန်း သန်မာလျက်ရှိကြ၏။
Isaiah 46:4ငါသည်သင်တို့၏ဘုရားသခင်ဖြစ်၏။ သင်တို့အိုမင်း၍ဆံပင်ဖြူသည်တိုင်အောင်၊ သင်တို့အားငါကြည့်ရှုစောင့်ရှောက်ပို့ဆောင် မည်။ သင်တို့အားငါကူမမည်။ ကယ်တင်မည်။
2 Timothy 4:18သခင်ဘုရားသည်ငါ့အားဘေးအန္တရာယ် အပေါင်းတို့မှကယ်နုတ်တော်မူ၍မိမိ၏ ကောင်းကင်နိုင်ငံတော်သို့လုံခြုံစွာပို့ဆောင် တော်မူလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာအဆက် ဆက်ဘုန်းအသရေထွန်းတောက်တော်မူပါ စေသတည်း။ အာမင်။