Psalms 78:20
ကျောက်ဆောင်ကိုကိုယ်တော်ရိုက်လိုက်သော အခါ အရှိန်ပြင်းသည့်ချောင်းသဖွယ်ရေထွက်လာ သည်မှာ မှန်ပါ၏။ သို့ရာတွင်ကိုယ်တော်သည်ငါတို့အားအစားအစာကို ကျွေးနိုင်ပါမည်လော။ မိမိ၏လူစုတော်အားအမဲသားကိုပေးနိုင် ပါမည်လော'' ဟုဆို၍ ဘုရားသခင်အားမကျေနပ်သည့်စကားကို ပြောဆိုကြ၏။
Common Language Bible
In The King James Version
In Context
19``ဘုရားသခင်သည်တောကန္တာရတွင်ငါတို့အား အစားအစာကိုပေးနိုင်ပါမည်လော။
Cross References
Exodus 17:6သိနာတောင်၌ရှိသောကျောက်ဆောင်အနီး တွင်ငါရပ်နေမည်။ သင်သည်ကျောက်ဆောင် ကိုရိုက်လော့။ ထိုကျောက်ဆောင်မှလူတို့ သောက်ရန်ရေစီးထွက်လာလိမ့်မည်'' ဟုမိန့် တော်မူ၏။ မောရှေသည်ဣသရေလအမျိုး သားခေါင်းဆောင်တို့ရှေ့မှောက်တွင် ထာဝရ ဘုရားမိန့်တော်မူသည့်အတိုင်းကျောက် ဆောင်ကိုရိုက်လေ၏။
Numbers 11:18ယခုသင်သည်သူတို့အားဤသို့မှာကြား လော့။ သူတို့သည်နက်ဖြန်နေ့အတွက်မိမိ တို့ကိုယ်ကိုသန့်စင်စေရမည်။ သူတို့သည် အသားကိုစားရလိမ့်မည်။ သူတို့သည်အီဂျစ် ပြည်၌အသားကိုစားရကြောင်း၊ ယခုသူ တို့အသားကိုစားလို၍ညည်းညူနေကြောင်း ကို ထာဝရဘုရားကြားတော်မူပြီ။ ထာဝရ ဘုရားသည်သူတို့စားရန်အသားကိုပေး တော်မူမည်ဖြစ်၍သူတို့စားရလိမ့်မည်။-
Numbers 20:11တောင်ဝှေးကိုမြှောက်၍ကျောက်တုံးကိုနှစ်ကြိမ် ရိုက်လေသည်။ ထိုအခါကျောက်ဆောင်မှရေ များစွာပန်းထွက်သဖြင့် လူအပေါင်းတို့နှင့် တိရစ္ဆာန်များရေသောက်ကြရသည်။