Psalms 78:42
သူတို့သည်ကိုယ်တော်၌မဟာတန်ခိုးတော် ရှိတော်မူကြောင်းကိုလည်းကောင်း မိမိတို့အားရန်သူတို့လက်မှ ကိုယ်တော်ကယ်တော်မူခဲ့သောအချိန် ကာလကိုလည်းကောင်း၊ အီဂျစ်ပြည်ဇောနလွင်ပြင်တွင်အံ့သြဖွယ် အမှုအရာများနှင့် ထူးဆန်းသောနိမိတ်လက္ခဏာများကိုပြ တော်မူ ခဲ့ကြောင်းကိုလည်းကောင်းသတိမရကြ။
Common Language Bible
In The King James Version
They remembered not his hand, nor the day when he delivered them from the enemy.
In Context
Cross References
Exodus 13:9ထာဝရဘုရားသည်မဟာတန်ခိုးတော်ဖြင့် သင်တို့အားအီဂျစ်ပြည်မှထုတ်ဆောင်လာ သောကြောင့် သင်တို့သည်ထာဝရဘုရား၏ ပညတ်တော်ကိုအမြဲရွတ်ဆိုလေ့လာနေစေ ရန် ပွဲတော်သည်သင်တို့၏လက်သို့မဟုတ်သင် တို့၏နဖူးပေါ်တွင်ချည်ထားသောအမှတ်လက္ခ ဏာသဖွယ် သင်တို့အားသတိရစေလိမ့်မည်။-
Exodus 14:30ထိုနေ့တွင်ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့ကိုအီဂျစ်အမျိုးသားတို့ ၏လက်မှကယ်တင်တော်မူ၏။ ဣသရေလ အမျိုးသားတို့သည် အီဂျစ်အမျိုးသားတို့ ၏အလောင်းများကိုပင်လယ်ကမ်းပေါ်၌ အတုံးအရုံးရှိသည်ကိုတွေ့မြင်ကြ လေ၏။-
Psalms 78:11သူတို့သည်ကိုယ်တော်ပြုတော်မူသော အမှုအရာများကိုလည်းကောင်း၊ ကိုယ်တော်ပြုတော်မူသောထူးဆန်းသည့် နိမိတ်လက္ခဏာများကိုလည်းကောင်းမေ့လျော့ ကြလေကုန်ပြီ။
Psalms 106:7ကျွန်တော်မျိုးတို့၏ဘိုးဘေးများသည်အီဂျစ် ပြည်၌ ဘုရားသခင်ပြုတော်မူသောအံ့သြဖွယ်ရာ အမှုတော်ကိုနားမလည်ကြပါ။ သူတို့အားကြိမ်ဖန်များစွာပြတော်မူသော မေတ္တာတော်ကိုမေ့လျော့ကြပါ၏။ ထိုနောက်ပင်လယ်နီအနီးတွင်အနန္တ တန်ခိုးရှင်ကို ပုန်ကန်ကြပါ၏။
Psalms 136:10ကိုယ်တော်သည်အီဂျစ်အမျိုးသားများ၏ သားဦးတို့ကိုသေစေတော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
Jeremiah 32:21ရန်သူများအားကြောက်လန့်တုန်လှုပ်၍ သွားစေသည့်ထူးဆန်းသောနိမိတ်လက္ခဏာ များနှင့်အံ့သြဖွယ်ရာတို့ဖြင့် ကိုယ်တော်ရှင် သည်ကိုယ်တော်ရှင်၏တန်ခိုးစွမ်းအားတို့ ကိုအသုံးပြု၍ ကိုယ်တော်ရှင်၏လူမျိုး တော်ဣသရေလတို့အားအီဂျစ်ပြည် မှထုတ်ဆောင်တော်မူခဲ့ပါ၏။-