Psalms 78:6
ဤသို့ပြုတော်မူခြင်းမှာ၊နောက်လူမျိုးဆက် သည် ပညတ်တော်တို့ကိုသိရှိနားလည်လျက် မိမိတို့၏သားမြေးတို့အားတစ်ဆင့်ပြန်၍ သွန်သင်ပေးနိုင်ကြစေရန်ဖြစ်၏။
Common Language Bible
In The King James Version
In Context
Cross References
Joshua 22:24နောင်အခါ၌သင်တို့၏အဆက်အနွယ်တို့ ကငါတို့၏အဆက်အနွယ်တို့အား`သင်တို့ သည်ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားနှင့်မည်သို့မျှ မသက်ဆိုင်။-
Psalms 22:31``ထာဝရဘုရားသည်မိမိ၏လူစုတော်အား ကယ်တော်မူခဲ့၏'' ဟုလာလတ္တံ့သော လူမျိုးဆက်အားပြောကြားကြလိမ့်မည်။
Psalms 71:18ယခုအခါ၌ကျွန်တော်မျိုးသည်အသက် ကြီး၍ ဆံပင်ဖြူလျက်နေပါပြီ။ အို ကျွန်တော်မျိုး၏ဘုရား၊ ကျွန်တော်မျိုးကိုစွန့်ပစ်တော်မမူပါနှင့်။ ကျွန်တော်မျိုးသည်နောင်လာလတ္တံ့သော သားစဉ်မြေးဆက်အပေါင်းတို့အား ကိုယ်တော်ရှင်၏ဘုန်းတန်ခိုးအာနုဘော် တော် အကြောင်းကိုထုတ်ဖော်ကြေညာလျက်ရှိနေစဉ် ကျွန်တော်မျိုးနှင့်အတူရှိတော်မူပါ။
Psalms 102:18ထာဝရဘုရားပြုတော်မူသောအမှုအရာ တို့ကို နောင်လာနောက်သားတို့အတွက် ရေးမှတ်ထားကြလော့။ သို့မှသာလျှင်သူတို့သည်ကိုယ်တော်အား ထောမနာပြုကြလိမ့်မည်။
Joel 1:3ဤအချင်းအရာကိုသင်တို့၏သားသမီးများအား ပြောကြားကြလော့။ သူတို့သည်မိမိတို့သားသမီးများအားပြောကြားလျက်၊ ထိုသားသမီးများကလည်းနောင်တစ်ခေတ်မှလူတို့အားပြောကြားကြလိမ့်မည်။