Psalms 78:5
ကိုယ်တော်သည်ဣသရေလအမျိုးသားတို့အား ဥပဒေများကိုလည်းကောင်း၊ ယာကုပ်အမျိုးအနွယ်တို့အားပညတ်တော် များကိုလည်းကောင်းပေးအပ်တော်မူခဲ့၏။ ပညတ်တော်များကိုသားမြေးတို့အား တစ်ဆင့်သွန်သင်ပေးနိုင်ကြရန် ကိုယ်တော်သည်ငါတို့ဘိုးဘေးတို့အား မှာကြားဆင့်ဆိုတော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Exodus 12:27သင်တို့က`ထာဝရဘုရားသည်အီဂျစ် ပြည်သားတို့အားသုတ်သင်ဖျက်ဆီးသော အခါ အီဂျစ်ပြည်မှဣသရေလအမျိုး သားတို့၏အိမ်များကိုကျော်၍ ငါတို့အား အသက်ချမ်းသာစေခဲ့သဖြင့် ထာဝရ ဘုရားအားပသခါယဇ်ကိုပူဇော်ခြင်း ဖြစ်သည်' ဟုဖြေကြားရမည်'' ဟုညွှန် ကြားလေ၏။ ထိုအခါဣသရေလအမျိုးသားတို့သည် ဦးညွှတ်၍ထာဝရဘုရားအားရှိခိုး ကြ၏။-
Exodus 25:21သေတ္တာထဲတွင်ကျောက်ပြားနှစ်ပြားကိုထည့်၍ သေတ္တာဖုံးဖြင့်ဖုံးအုပ်ထားရမည်။-
Exodus 40:20ထိုနောက်သူသည်ကျောက်ပြားကိုသေတ္တာ တော်ထဲ၌ထည့်ထား၏။ သေတ္တာတော်ကွင်း များတွင်ထမ်းပိုးများကိုလျှို၍၊ သေတ္တာ တော်အဖုံးကိုတင်၏။-
Deuteronomy 6:7ထိုပညတ်များကို သင်တို့၏သားသမီးတို့ အားသွန်သင်ရမည်။ အိမ်၌ရှိသည့်အခါ ဖြစ်စေ၊ နားနေသည့်အခါဖြစ်စေ၊ အလုပ် လုပ်သည့်အခါဖြစ်စေ ထိုပညတ်တော်များ ကိုသွန်သင်ရမည်။-
Deuteronomy 31:13ဤနည်းအားဖြင့်ထာဝရဘုရား၏ပညတ် တရားတော်ကိုမကြားဘူးသော သင်တို့၏ အဆက်အနွယ်တို့သည်ကြားရလိမ့်မည်။ သို့ မှသာသူတို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူး ၍သိမ်းယူမည့်ပြည်တွင်နေထိုင်သမျှကာလ ပတ်လုံး ထာဝရဘုရား၏အမိန့်တော်ကို နာခံလာတတ်ကြလိမ့်မည်'' ဟုဆိုလေ၏။
Psalms 19:7ထာဝရဘုရား၏တရားတော်သည်ပြီးပြည့် စုံလင်အောင်ကောင်းမြတ်သည်ဖြစ်၍စိတ်ဝိညာဉ် ကို ပြန်လည်သစ်လွင်လန်းဆန်းစေတတ်၏။ ဘုရားသခင်၏သွန်သင်တော်မူချက်တို့သည် အားကိုးအားထားထိုက်သည်ဖြစ်၍ မလိမ္မာသူတို့ကိုလိမ္မာစေတတ်၏။