Psalms 79:3
သူတို့သည်ကိုယ်တော်ရှင့်လူစု၏သွေးကို ရေကဲ့သို့ ယိုစီးစေကြပါ၏။ သွေးချောင်းသည်ယေရုရှလင်မြို့ကိုဖြတ်၍ စီးဆင်းလျက်ရှိပါ၏။ အလောင်းများကိုသင်္ဂြိုဟ်မည့်သူတစ်စုံ တစ်ယောက်မျှ မကျန်တော့ပါ။
Common Language Bible
In The King James Version
Their blood have they shed like water round about Jerusalem; and there was none to bury them.
In Context
Cross References
Psalms 141:7ထိုမင်းတို့၏အရိုးများသည်အစိတ်စိတ် အမြွှာမြွှာ ခွဲစိတ်ဖြတ်တောက်ခြင်းခံရသောထင်းကဲ့သို့ သင်္ချိုင်းတွင်းဝ၌ပြန့်ကြဲ၍နေလိမ့်မည်။
Jeremiah 14:16သူတို့ဟောပြောသည်ကိုကြားနာကြသူတို့ သည်လည်း သူတို့ကဲ့သို့သေကြလိမ့်မည်။ ငတ် မွတ်ခေါင်းပါးခြင်းဘေးနှင့် စစ်ဘေးတို့ကြောင့် သူတို့၏အလောင်းများကိုယေရုရှလင်မြို့ လမ်းများပေါ်တွင်စွန့်ပစ်၍ထားကြလိမ့်မည်။ ယင်းတို့ကိုအဘယ်သူမျှသင်္ဂြိုဟ်ကြလိမ့်မည် မဟုတ်။ ဇနီးသားသမီးများပါမကျန်၊ ထို သူအားလုံးပင်ဤနည်းအတိုင်းဖြစ်ရကြ လိမ့်မည်။ မိမိတို့၏ယုတ်မာမှုများအတွက် သူတို့အားငါဒဏ်ခတ်မည်'' ဟုမိန့်တော်မူ၏။
Jeremiah 16:4ထိုသူတို့သည်ကြောက်မက်ဖွယ်ကောင်းသည့် အနာရောဂါဘေးသင့်၍သေရကြလိမ့်မည်။ အဘယ်သူမျှသူတို့အတွက်ငိုကြွေးမြည် တမ်းကြလိမ့်မည်မဟုတ်။ သူတို့၏အလောင်း များကိုလည်းသင်္ဂြိုဟ်ကြလိမ့်မည်မဟုတ်။ ထို အလောင်းတို့သည်မြေပေါ်တွင်နောက်ချေးပုံ များကဲ့သို့ရှိနေကြလိမ့်မည်။ ထိုသူတို့သည် စစ်ပွဲတွင်ကျဆုံးရကြလိမ့်မည်။ သို့မဟုတ် လျှင်လည်းအစာငတ်မွတ်ခေါင်းပါးခြင်းဘေး သင့်၍သေရကြလျက် သူတို့၏အလောင်း များသည်ငှက်များနှင့်တောသားရဲများ ၏အစာဖြစ်လိမ့်မည်။''
Jeremiah 34:20ငါသည်သူတို့ကိုရန်သူများ၏လက်သို့ ပေးအပ်မည်။ သူတို့အားသတ်ဖြတ်လိုသူ များ၏လက်သို့ပေးအပ်မည်။ သူတို့၏ အလောင်းများသည်ငှက်များတောသားရဲ များ၏အစာဖြစ်လိမ့်မည်။-
Matthew 23:35ထို့ကြောင့်အပြစ်ကင်းသူအာဗေလမှစ၍ သန့် ရှင်းရာဌာနတော်နှင့်ယဇ်ပလ္လင်အကြားတွင် အသတ်ခံရသည့်ဗာရခိ၏သား၊ ဇာခရိတိုင် အောင်အပြစ်ကင်းသူများကိုသတ်ဖြတ်ခဲ့သည့် အတွက်သင်တို့သည်အပြစ်ဒဏ်ခံရပေအံ့။-
Revelation 11:9တိုင်းနိုင်ငံအသီးသီးရှိဘာသာစကား အမျိုးမျိုးကို ပြောကြသောလူမျိုးအနွယ် အပေါင်းတို့သည် သူတို့၏အလောင်းများကို သင်္ဂြိုဟ်ရန်ခွင့်မပြုဘဲ သုံးရက်ခွဲတိုင်အောင် ကြည့်နေကြလိမ့်မည်။-