Psalms 81:14
သို့ဖြစ်လျှင်ငါသည်သူတို့၏ရန်သူများကို အလျင်အမြန်အရေးရှုံးနိမ့်စေမည်။ သူတို့၏ရန်ဘက်အားလုံးကိုနှိမ်နင်းမည်။
Common Language Bible
In The King James Version
I should soon have subdued their enemies, and turned my hand against their adversaries.
In Context
Cross References
Numbers 14:45ထိုအရပ်၌နေထိုင်ကြသောအာမလက် အမျိုးသားနှင့် ခါနာန်အမျိုးသားတို့သည် သူတို့တိုက်ခိုက်အောင်မြင်၍ သူတို့ကိုဟော မာမြို့တိုင်အောင်လိုက်လံတိုက်ခိုက်လေသည်။
Joshua 23:13သင်တို့၏ဘုရားသခင်ထာဝရဘုရား သည်သင်တို့ချီတက်တိုက်ခိုက်သောအခါ ထိုလူမျိုးများကိုနှင်ထုတ်ပေးတော့မည် မဟုတ်ကြောင်းသိမှတ်ကြလော့။ ထိုလူမျိုး များသည်သင်တို့အတွက်ကျော့ကွင်းသို့ မဟုတ်ထောင်ချောက်၊ သင်တို့၏ကျောပေါ် သို့ကျသောကြာပွတ်သို့မဟုတ် မျက်စိကို စူးသောဆူးသဖွယ်ဖြစ်လိမ့်မည်။ သင်တို့၏ ဘုရားသခင်ထာဝရဘုရားပေးသနား တော်မူသော ဤသာယာသောပြည်တွင်သင် တို့တစ်ယောက်မကျန်သေကြေပျက်စီး သည့်တိုင်အောင်ထိုလူမျိုးတို့သည်သင် တို့အားအန္တရာယ်ပြုကြလိမ့်မည်။
Psalms 47:3ကိုယ်တော်သည်ငါတို့အားလူမျိုးတကာတို့ကို အနိုင်ရစေ၍ တိုင်းနိုင်ငံတို့ကိုအုပ်စိုးစေတော်မူ၏။
Amos 1:8အာဇုတ်နှင့်အာရှကေလုန်မြို့များ၌ကြီး စိုးနေသူတို့ကိုရှင်းပစ်မည်။ ဧကြုန်မြို့ ကိုလည်းငါဒဏ်ခတ်မည်။ ကျန်ကြွင်းနေ သူဖိလိတ္တိမှန်သမျှလည်းသေရလိမ့် မည်'' ဟုမိန့်တော်မူ၏။