တောလည်ရာကျမ်း 14:45
ထိုအရပ်၌နေထိုင်ကြသောအာမလက် အမျိုးသားနှင့် ခါနာန်အမျိုးသားတို့သည် သူတို့တိုက်ခိုက်အောင်မြင်၍ သူတို့ကိုဟော မာမြို့တိုင်အောင်လိုက်လံတိုက်ခိုက်လေသည်။
Common Language Bible
In The King James Version
In Context
Cross References
Exodus 17:16ထိုနောက်မောရှေက``ထာဝရဘုရား၏အလံ တော်ကိုမြှောက်ထားလော့။ ထာဝရဘုရားသည် အာမလက်အမျိုးသားတို့အားထာဝစဉ် တိုက်ခိုက်တော်မူမည်'' ဟုဆိုလေ၏။
Numbers 14:43သင်တို့သည်အာမလက်အမျိုးသား၊ ခါနာန် အမျိုးသားတို့နှင့်ယှဉ်ပြိုင်တိုက်ခိုက်သောအခါ သင်တို့ကျဆုံးကြလိမ့်မည်။ သင်တို့သည်ထာဝရ ဘုရားကိုစွန့်ပစ်ခြင်းကြောင့် ကိုယ်တော်သည်သင် တို့နှင့်အတူရှိတော်မူမည်မဟုတ်'' ဟုဆို လေ၏။
Deuteronomy 1:44ထိုအခါတောင်များပေါ်တွင်နေထိုင်သော အာမောရိအမျိုးသားတို့သည် ပျားအုပ်ပမာ သင်တို့အားထွက်၍တိုက်ကြ၏။ သူတို့သည် သင်တို့ကိုလိုက်လံတိုက်ခိုက်ကြရာ ဧဒုံပြည် ဟောမာမြို့တွင်သင်တို့အားစစ်ရေးနိမ့်စေ ခဲ့ကြသည်။-
Joshua 7:5အာဣမြို့သားတို့သည်မြို့တံခါးမှကျောက် ကျင်းများရှိရာအရပ်သို့တိုင်အောင် ဣသ ရေလအမျိုးသားတို့နောက်သို့လိုက်၍တိုက် ခိုက်ကြရာတောင်ကုန်းအဆင်း၌ ဣသရေလ အမျိုးသားသုံးဆယ့်ခြောက်ယောက်ခန့်ကို သတ်ဖြတ်လိုက်ကြလေသည်။ သို့ဖြစ်၍ ဣသရေလအမျိုးသားတို့သည်အလွန် စိတ်ပျက်အားလျော့ကြကုန်၏။
Judges 1:17ယုဒအနွယ်ဝင်တို့သည်ရှိမောင်အနွယ်ဝင် တို့နှင့်အတူလိုက်၍ ဇေဖတ်မြို့တွင်နေထိုင် သောခါနာန်အမျိုးသားတို့အားတိုက်ခိုက် နှိမ်နင်းလိုက်ကြ၏။ သူတို့သည်ထိုမြို့ကို ကျိန်ဆဲကာဖျက်ဆီးပစ်ပြီးနောက်ဟော်မာ နာမည်ဖြင့်သမုတ်ကြလေသည်။-
1 Samuel 27:8ထိုကာလအတောအတွင်း၌ဒါဝိဒ်တို့လူစု သည်ဂေရှုရိအမျိုးသား၊ ဂေရဇိအမျိုးသား နှင့်အာမလက်အမျိုးသားတို့၏နယ်မြေများ ကို အီဂျစ်ပြည်အနီးရှုရမြို့တိုင်အောင်သွား ရောက်တိုက်ခိုက်လေ့ရှိ၏။ ထိုအမျိုးသားတို့ သည်ယင်း၏နယ်မြေများတွင်နှစ်ပေါင်းများ စွာနေထိုင်ခဲ့ကြသူများဖြစ်၏။-