The Bible Software
bible.software › ထွက်မြောက်ရာကျမ်း › ထွက်မြောက်ရာကျမ်း 17 › ထွက်မြောက်ရာကျမ်း 17:2

ထွက်မြောက်ရာကျမ်း 17:2

ထို​အ​ခါ​သူ​တို့​သည်​မော​ရှေ​အား``အ​ကျွန်ုပ် တို့​သောက်​စ​ရာ​ရေ​ပေး​ပါ'' ဟု​ညည်း​ညူ တောင်း​ဆို​ကြ​၏။ မော​ရှေ​က``အ​ဘယ်​ကြောင့်​ညည်း​ညူ​ကြ သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​ကို​အ​ဘယ်​ကြောင့် စုံ​စမ်း​ကြ​သ​နည်း'' ဟု​ပြန်​၍​ပြော​လေ​၏။

Common Language Bible

In The King James Version

Wherefore the people did chide with Moses, and said, Give us water that we may drink. And Moses said unto them, Why chide ye with me? wherefore do ye tempt the LORD?

In Context

1ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​တိုင်း​သိန် ဟု​ခေါ်​သော​တော​ကန္တာ​ရ​မှ​ထွက်​၍ စ​ခန်း တစ်​ထောက်​ပြီး​တစ်​ထောက်​နား​လျက်​ခ​ရီး သွား​ကြ​၏။ သူ​တို့​သည်​ရေ​ဖိ​ဒိမ်​အ​ရပ်​သို့ ရောက်​၍​စ​ခန်း​ချ​ကြ​၏။ သို့​ရာ​တွင်​ထို အ​ရပ်​၌​သောက်​စ​ရာ​ရေ​မ​ရှိ။-

3သို့​ရာ​တွင်​လူ​တို့​သည်​အ​လွန်​ရေ​ငတ်​သ​ဖြင့် မော​ရှေ​အား​ညည်း​ညူ​လျက်``အ​ကျွန်ုပ်​တို့​နှင့် အ​ကျွန်ုပ်​တို့​၏​သား​သ​မီး​များ၊ တိ​ရစ္ဆာန်​များ ကို​ရေ​ငတ်​စေ​ခြင်း​ငှာ အ​ဘယ်​ကြောင့်​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ခဲ့​ပါ​သ​နည်း'' ဟု​ဆို ကြ​၏။

Read all of ထွက်မြောက်ရာကျမ်း 17

Cross References

Exodus 5:21``ဖာ​ရော​ဘု​ရင်​နှင့်​သူ​၏​အ​ရာ​ရှိ​တို့​က​ကျွန်ုပ် တို့​အား​ရွံ​မုန်း​လာ​စေ​ရန် သင်​တို့​ပြု​လုပ်​သည့် အ​တွက်​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့ အား​စီ​ရင်​တော်​မူ​ပါ​စေ​သော။ ကျွန်ုပ်​တို့​အား သတ်​ရန်​သင်​တို့​သည်​သူ​တို့​လက်​၌​ဋ္ဌား​ကို အပ်​ပေး​လေ​ပြီ'' ဟု​ဆို​ကြ​၏။

Exodus 15:24သူ​တို့​သည်​မောရှေ​အား``အ​ကျွန်ုပ်​တို့​ရေ​ငတ် ၍ သေ​ရ​ပါ​တော့​မည်'' ဟု​ညည်း​ညူ​ကြ​၏။-

Exodus 17:7ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က``ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​နှင့်​အ​တူ​ရှိ​ပါ​သ​လား'' ဟု​မေး​လျက်​မော​ရှေ​အား​ညည်း​ညူ​၍​ထာ​ဝ​ရ ဘု​ရား​ကို​စုံ​စမ်း​ကြ​သ​ဖြင့် ထို​အ​ရပ်​ကို``မ​ဿာ'' ဟူ​၍​လည်း​ကောင်း``မေ​ရိ​ဘ'' ဟူ​၍​လည်း​ကောင်း ခေါ်​ဝေါ်​သ​မုတ်​ကြ​သ​တည်း။

Numbers 14:2သူ​တို့​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​အား``ငါ​တို့ သည်​အီ​ဂျစ်​ပြည်​၌​ဖြစ်​စေ၊ ဤ​တော​ကန္တာ​ရ ၌​ပင်​ဖြစ်​စေ​သေ​ရ​ခြင်း​က​သာ​၍​ကောင်း ပါ​သေး​သည်။-

Numbers 20:2စ​ခန်း​ချ​ရာ​အ​ရပ်​တို့​တွင်​ရေ​မ​ရှိ​သော​ကြောင့် သူ​တို့​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​ထံ​သို့​စု​ရုံး လာ​ကြ​ပြီး​လျှင်၊-

Deuteronomy 6:16``သင်​တို့​သည်​မ​ဿာ​အ​ရပ်​မှာ​ကဲ့​သို့ သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​အ​စစ် အ​ကြော​မ​ပြု​ရ။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ထွက်မြောက်ရာကျမ်း 17:2

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ထွက်မြောက်ရာကျမ်း 17:1ထွက်မြောက်ရာကျမ်း 17ထွက်မြောက်ရာကျမ်း 17:3 →