Psalms 86:14
အို ဘုရားသခင်၊ မာန်မာနကြီးသူတို့သည်ကျွန်တော်မျိုးအား တိုက်ခိုက်လျက်နေကြပါ၏။ ရက်စက်ကြမ်းကြုတ်သူလူတစ်စုသည် ကျွန်တော်မျိုးကို သတ်ရန်ကြိုးစားလျက်နေကြပါ၏။ သူတို့သည်ကိုယ်တော်ရှင်အားပမာဏမပြုကြပါ။
Common Language Bible
In The King James Version
In Context
Cross References
2 Samuel 15:1ထိုနောက်အဗရှလုံသည်မြင်းရထားတစ်စီး၊ မြင်းများနှင့်ရှေ့တော်ပြေးစစ်သည်ငါးဆယ် ကိုမိမိအတွက်ထားရှိလေသည်။-
2 Samuel 17:14အဗရှလုံနှင့်ဣသရေလအမျိုးသား အပေါင်းတို့က``ဟုရှဲ၏အကြံသည်အဟိ သောဖေလ၏အကြံထက်ကောင်း၏'' ဟု ဆိုကြ၏။ အဗရှလုံ၌ဘေးရောက်စေခြင်း ငှာ ထာဝရဘုရားသည်အဟိသောဖေလ ပေးသောအကြံကောင်းကိုပျက်စေရန် စီရင်တော်မူသတည်း။
Psalms 10:11သူယုတ်မာက``ဘုရားသခင်သည်ဤအမှုတွင် ဂရုစိုက်တော်မမူ။ ကိုယ်တော်သည်မျက်စိကိုမှိတ်၍ထားတော် မူပြီ။ ငါ့ကိုအဘယ်အခါမျှမြင်တော်မူလိမ့်မည် မဟုတ်'' ဟုတစ်ကိုယ်တည်းပြောဆိုတတ်၏။
Psalms 14:4ထာဝရဘုရားက ``ထိုသူတို့သည်မသိနားမလည်သူများပေလော။ ဤသူယုတ်မာများသည်အသိပညာကင်းမဲ့ သူများပေလော။ သူတို့သည်ငါ၏လူစုတော်ထံမှလုယူ တိုက်ခိုက်၍ အသက်မွေးကြကုန်သည်။ ငါ၏ထံသို့လည်းဆုတောင်းပတ္ထနာမပြု ကြ'' ဟုမိန့်တော်မူ၏။
Psalms 36:11မာနကြီးသူတို့အားကျွန်တော်မျိုးကိုတိုက် ခိုက်ခွင့်၊ သူယုတ်မာတို့သည်ကျွန်တော်မျိုးကိုနှင်ထုတ်ခွင့် မရပါစေနှင့်။
Psalms 54:5ငါ၏ရန်သူတို့၏ဆိုးညစ်မှုသည်သူတို့အား ပြန်လည်၍ဒဏ်ခတ်စေရန်ဘုရားသခင် စီရင်တော်မူပါစေသော။ ကိုယ်တော်သည်သစ္စာစောင့်တော်မူသည်ဖြစ်၍ သူတို့အားသုတ်သင်ပယ်ရှင်းတော်မူလိမ့် မည်။