Psalms 88:5
ကျွန်တော်မျိုးသည်သူသေကဲ့သို့ဖြစ်ပါ၏။ အသတ်ခံရ၍သင်္ချိုင်းတွင်းထဲသို့ရောက်ရှိနေသည့် သူသေကဲ့သို့ဖြစ်ပါ၏။ ကိုယ်တော်လုံးဝသတိမရသောသူ၊ကိုယ်တော် မစရန် မဖြစ်နိုင်သောသူကဲ့သို့ဖြစ်ပါ၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 19:29သို့ရာတွင်ထာဝရဘုရားသည်လောတနေထိုင်ရာ ချိုင့်ဝှမ်းရှိမြို့များကိုဖျက်ဆီးသောအခါ၌ အာဗြဟံကိုသတိရတော်မူ၏။ လောတကိုလည်းပျက်စီးခြင်းဘေးမှလွတ်မြောက်စေတော်မူ၏။
Job 11:10ဘုရားသခင်သည် ဘမ်းဆီးချုပ်ထား၍ စစ်ကြောတော်မူလျှင် အဘယ်သူဆီးတားနိုင်သနည်း။
Psalms 28:1ကျွန်တော်မျိုး၏ကွယ်ကာရာအရှင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ထံတော်သို့ကျွန်တော်မျိုး ဟစ်ခေါ်ပါ၏။ ထူးတော်မူပါ။ ကိုယ်တော်ရှင်ထူးတော်မမူပါလျှင် ကျွန်တော်မျိုးသည်သေရွာသွားရပါလိမ့်မည်။
Psalms 31:22ကိုယ်တော်ရှင်သည်ငါ့အားရှေ့တော်မှောက်မှ နှင်ထုတ်တော်မူလေပြီဟူ၍ ငါသည်ကြောက်လန့်စိုးရိမ်မိပါ၏။ သို့ရာတွင်အထံတော်သို့ကူမတော်မူရန် ငါအော်ဟစ်သောအခါ၊ကိုယ်တော်ရှင်သည် ငါ၏အော်ဟစ်သံကိုကြားတော်မူ၏။
Psalms 136:23ငါတို့အရေးရှုံးနိမ့်ကြသောအခါကိုယ်တော်သည် ငါတို့အားမေ့လျော့တော်မမူ။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
Isaiah 38:10ငါသည်သက်တမ်းစေ့နေရတော့မည်မဟုတ်။ အရွယ်ကောင်းချိန်၌ပင်မရဏနိုင်ငံသို့ သွားရတော့မည်ဟုငါထင်မှတ်ခဲ့ပါ၏။