Psalms 89:46
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်မျက်နှာတော်ကိုအစဉ်ပင် ဖုံးကွယ်၍ထားတော်မူပါမည်လော။ ကိုယ်တော်ရှင်၏အမျက်တော်သည်အဘယ်မျှ ကြာအောင်မီးကဲ့သို့တောက်လောင်၍ နေတော်မူပါမည်နည်း။
Common Language Bible
In The King James Version
How long, LORD? wilt thou hide thyself for ever? shall thy wrath burn like fire?
In Context
45ကိုယ်တော်ရှင်သည်သူ့အားအချိန်မကျမီ အိုစေတော်မူ၍အရှက်တကွဲဖြစ်စေတော်မူပါပြီ။
Cross References
Psalms 10:1အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အဘယ်ကြောင့်အဝေး၌ နေတော်မူပါသနည်း။ ကျွန်တော်မျိုးတို့ဒုက္ခရောက်ချိန်၌အဘယ် ကြောင့် မျက်နှာတော်ကိုလွှဲတော်မူပါသနည်း။
Psalms 78:63ငယ်ရွယ်သူအမျိုးသားတို့သည်စစ်ပွဲတွင် ကျဆုံးကုန်သဖြင့်ငယ်ရွယ်သူ အမျိုးသမီးတို့နှင့်လက်ထပ်ထိမ်းမြားမည့်သူ တစ်စုံတစ်ယောက်မျှမရှိတော့ပေ။
Psalms 85:5ကိုယ်တော်ရှင်သည်အစဉ်အမြဲအမျက်ထွက်၍ နေတော်မူပါမည်လော။ အမျက်တော်သည်အဘယ်အခါ၌မျှ ပြေတော်မမူတော့ပြီလော။
Psalms 90:13အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အဘယ်မျှကြာအောင် အမျက်တော်မပြေဘဲနေတော်မူပါမည်နည်း။ ကိုယ်တော်ရှင်၏အစေခံတို့အားသနား တော်မူပါ။
Isaiah 8:17ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အား မျက်နှာတော်ကိုမပြဘဲနေတော်မူ သော်လည်း၊ ငါသည်ကိုယ်တော်ကိုယုံကြည် အားထားစောင့်စားမျှော်ကိုးပါမည်။-
Jeremiah 4:4သင်တို့၏ထာဝရဘုရားတည်းဟူသောငါ နှင့်သင်တို့ပြုသည့်ပဋိညာဉ်ကိုစောင့်ကြလော့။ အချင်းယုဒပြည်သားများနှင့်ယေရုရှလင် မြို့သားတို့၊ ငါ့အားသင်တို့၏ကိုယ်ကိုဆက်ကပ် ကြလော့။ ဤသို့မပြုပါမူသင်တို့ကူးလွန်ခဲ့ သည့်ဒုစရိုက်များကြောင့် ငါ၏အမျက်တော် သည်မီးကဲ့သို့တောက်လောင်လိမ့်မည်။ ယင်းကို ငြိမ်းသတ်မည့်သူလည်းတစ်စုံတစ်ယောက် မျှရှိလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။