Psalms 89:50
ကိုယ်တော်ရှင်၏အစေခံကျွန်တော်မျိုးသည် အဘယ်သို့ အစော်ကားခံရသည်ကိုလည်းကောင်း၊ ဘုရားမဲ့သူတို့၏ကျိန်ဆဲခြင်းများကို အဘယ်သို့ကျွန်တော်မျိုးခံရသည်ကို လည်းကောင်း မေ့တော်မမူပါနှင့်။
Common Language Bible
In The King James Version
In Context
Cross References
Psalms 44:13ကျွန်တော်မျိုးတို့အားကိုယ်တော်ရှင်ပြုတော်မူသော အမှုကို အိမ်နီးချင်းများသည်မြင်၍ကျွန်တော်မျိုးတို့အား ပြောင်လှောင်၍ပြက်ရယ်ပြုကြပါ၏။
Psalms 69:19ကျွန်တော်မျိုးသည်အဘယ်မျှအစော်ကား ခံရ၍ အဘယ်မျှအရှက်ကွဲအသရေပျက်ရသည်ကို ကိုယ်တော်ရှင်သိတော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ရန်သူ အပေါင်းကို မြင်တော်မူပါ၏။
Psalms 74:22အို ဘုရားသခင်၊ ထတော်မူ၍ကိုယ်တော်ရှင်၏အာဏာကို တည်စေတော်မူပါ။ ဘုရားမဲ့သူတို့သည်ကိုယ်တော်ရှင်အားတစ်နေ့လုံး ပြက်ရယ်ပြုကြသည်ကိုသတိရတော်မူပါ။