Psalms 9:7
သို့ရာတွင်ထာဝရဘုရားမူကားထာဝရ ဘုရင် ဖြစ်တော်မူ၏။ ကိုယ်တော်သည်တရားစီရင်ရန်ပလ္လင်တော်ကို တည်တော်မူလေပြီ။
Common Language Bible
In The King James Version
But the LORD shall endure for ever: he hath prepared his throne for judgment.
In Context
Cross References
Psalms 50:3ငါတို့၏ဘုရားသည်ကြွလာတော်မူ၏။ သို့ရာတွင်ဆိတ်ဆိတ်ကြွလာတော်မူသည်မဟုတ်။ ရှေ့တော်တွင်မီးတောက်မီးလျှံဟုန်းဟုန်းထလျက် ကိုယ်တော်၏ပတ်လည်တွင်လေပြင်းမုန်တိုင်း တိုက်ခတ်လျက်ရှိ၏။
Psalms 90:2တောင်များကိုဖြစ်ပေါ်စေတော်မမူမီနှင့် ကမ္ဘာလောကကိုဖန်ဆင်းတော်မမူမီ ကိုယ်တော်ရှင်သည်အစမရှိသောဘုရားသခင် ဖြစ်တော်မူပါ၏။ အဆုံးမရှိသောဘုရားသခင်လည်းဖြစ်တော် မူပါ၏။
Psalms 102:24အို ဘုရားသခင်၊ ကျွန်တော်မျိုးမအိုမီကျွန်တော်မျိုး၏ အသက်ကိုရုပ်သိမ်းတော်မမူပါနှင့်။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အစဉ်အမြဲ အသက်ရှင်တော်မူပါ၏။
Hebrews 1:11ထိုအရာတို့သည်ယိုယွင်းပျက်စီးသွား ကြမည်ဖြစ်သော်လည်း၊ ကိုယ်တော်ရှင်မူကားအမြဲတည်တော်မူပါ၏။ ထိုအရာအားလုံးသည်အဝတ်အထည်များ ကဲ့သို့ ဟောင်းနွမ်းကြလိမ့်မည်။
2 Peter 3:8သို့ရာတွင်ငါ၏ချစ်ဆွေတို့၊ ထာဝရဘုရား ၏အဖို့တစ်ရက်သည်နှစ်တစ်ထောင်ကဲ့သို့လည်း ကောင်း၊ နှစ်တစ်ထောင်သည်တစ်ရက်ကဲ့သို့လည်း ကောင်းဖြစ်သည်ကိုမမေ့လျော့ကြနှင့်။-