Psalms 93:3
အို ထာဝရဘုရား၊ သမုဒ္ဒရာသည်အသံကိုဟစ်၍အော်ပါ၏။ သမုဒ္ဒရာလှိုင်းတံပိုးသံသည်မြည်ဟည်းပါ၏။
Common Language Bible
In The King James Version
In Context
Cross References
Psalms 18:4သေမင်း၏နှောင်ကြိုးတို့သည်ငါ့ကိုရစ်ပတ် ပါ၏။ ဖျက်ဆီးခြင်းလှိုင်းလုံးများသည်ငါ၏အပေါ် သို့ လွှမ်းမိုးကြ၏။
Psalms 46:4ဘုရားသခင်၏မြို့တော်တည်းဟူသော အမြင့်မြတ်ဆုံးဘုရားကိန်းဝပ်တော်မူရာ ဌာနတော်ကိုသာယာရွှင်လန်းစေသော မြစ်ရှိ၏။
Psalms 69:14ရွှံ့နွံတွင်မကျွံမနစ်စေရန်ကျွန်တော်မျိုးအား ကယ်တော်မူပါ။ ရန်သူများ၏ဘေးမှလည်းကောင်း၊ ရေနက်ရာမှလည်းကောင်းကယ်ဆယ်တော်မူပါ။
Psalms 98:7အချင်းပင်လယ်နှင့်ပင်လယ်ရှိသတ္တဝါအပေါင်း တို့၊ အသံကျယ်စွာကြွေးကြော်ကြလော့။ အချင်းကုန်းမြေနှင့်ကုန်းမြေပေါ်တွင် အသက်ရှင်သူအပေါင်းတို့သီချင်းဆိုကြ လော့။
Psalms 124:3သူတို့သည်ဒေါသအမျက်ချောင်းချောင်းထွက်၍ ငါတို့အားအရှင်လတ်လတ်ဝါးမျိုလိုက်ကြ လိမ့်မည်။
Isaiah 55:12``သင်တို့သည်ဗာဗုလုန်ပြည်မှဝမ်းမြောက်စွာ ထွက်ခွာရကြလိမ့်မည်။ မြို့ထဲမှငြိမ်းချမ်းစွာထုတ်ဆောင်ခေါ်ယူခြင်းကို ခံရကြလိမ့်မည်။ တောင်ကြီးတောင်ငယ်တို့သည်ဟစ်အော်၍ သီချင်းဆိုကြလိမ့်မည်။ သစ်ပင်များသည်လည်းဝမ်းမြောက်ရွှင်လန်းစွာ ကြွေးကြော်ကြလိမ့်မည်။