Psalms 93:4
ထာဝရဘုရားသည်သမုဒ္ဒရာ မြည်ဟည်းသံထက်လည်းကောင်း၊ ပင်လယ်လှိုင်းတံပိုးများထက်လည်းကောင်းသာ၍ တန်ခိုးကြီးပြီးလျှင် အချုပ်အခြာအာဏာတော်ဖြင့်ကောင်းကင်ဘုံတွင် စိုးစံတော်မူ၏။
Common Language Bible
In The King James Version
The LORD on high is mightier than the noise of many waters, yea, than the mighty waves of the sea.
In Context
Cross References
Job 38:11တိုး၍မလွန်ရ၊ ဤအရပ်၌သင်၏ ထောင်လွှားသောလှိုင်းတံပိုးဆုံးရ၏ဟု ပညက်လျက်၊ သမုဒ္ဒရာအပိုင်း အခြားကို ငါစီရင်၍၊ တံခါးပိတ်နှင့်ကန့်လန့်ကျင်တို့ကို ထားသည်ကာလ၌၎င်း၊ အဘယ်သူသည် ဝိုင်း၍ ကူညီ သနည်း။
Psalms 65:7ကိုယ်တော်ရှင်သည်ပင်လယ်ရေမြည်ဟည်းသံနှင့် လှိုင်းလုံးသံတို့ကိုငြိမ်သက်စေတော်မူပါ၏။ လူတို့ရုန်းရင်းဆန်ခတ်သံများကိုလည်း ငြိမ်သက်စေတော်မူပါ၏။
Psalms 89:9ကိုယ်တော်ရှင်သည်လှိုင်းကြီးသည့်ပင်လယ်ကို အစိုးရတော်မူ၍ ပြင်းထန်သောလှိုင်းတံပိုးတို့ကိုငြိမ်းစေတော်မူပါ။
Psalms 114:3ပင်လယ်နီသည်မြင်၍ထွက်ပြေးလေ၏။ ယော်ဒန်မြစ်သည်မစီးတော့ဘဲရပ်တန့် သွား၏။
Mark 4:37ထိုအချိန်၌ရုတ်တရက်လေမုန်တိုင်းကျရောက် လာကာလှိုင်းရိုက်သွင်းသဖြင့်လှေသည်ရေနှင့် ပြည့်လုမတတ်ရှိလေ၏။-