Psalms 96:8
ထာဝရဘုရား၏ဘုန်းကြီးသောနာမတော်ကို ထောမနာပြုကြလော့။ ပူဇော်သကာကိုယူဆောင်၍ကိုယ်တော်၏ ဗိမာန်တော်ထဲသို့ဝင်ကြလော့။
Common Language Bible
In The King James Version
Give unto the LORD the glory due unto his name: bring an offering, and come into his courts.
In Context
Cross References
Psalms 29:2ဘုန်းအသရေတော်နှင့်ပြည့်စုံတော်မူသော ထာဝရဘုရား၏နာမတော်ကို ထောမနာပြုကြလော့။ သန့်ရှင်းမြင့်မြတ်တော်မူသောအရှင် ကြွလာတော်မူသောအခါ ရှေ့တော်၌ဦးညွှတ်ပျပ်ဝပ်ကြလော့။
Psalms 72:10စပိန်ပြည်နှင့်ကျွန်းများမှရှင်ဘုရင်တို့သည် အခွန်ဆက်သကြပါလိမ့်မည်။ အာရေဗျပြည်နှင့်အဲသရောပိပြည်မှ ရှင်ဘုရင်များသည်လက်ဆောင်ပဏ္ဏာများကို ယူဆောင်လာကြပါလိမ့်မည်။
Psalms 108:3အို ထာဝရဘုရား၊ လူမျိုးတကာတို့အလယ်တွင်ကျွန်တော်မျိုး သည် ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ လူမျိုးအပေါင်းတို့အလယ်တွင်ကိုယ်တော်ရှင် အား ထောမနာပြုပါမည်။
Isaiah 60:6ဝန်တင်ကုလားအုပ်တပ်ကြီးများသည် မိဒျန်ပြည်နှင့်ဧဖာပြည်မှရောက်ရှိလာ၍ သင်၏ဒေသကိုလွှမ်းမိုးလိမ့်မည်။ ရှေဘပြည်မှရွှေနှင့်နံ့သာပေါင်းကိုယူဆောင် လာကြလိမ့်မည်။ လူတို့သည်ဘုရားသခင်ပြုတော်မူသော အမှုတော်အကြောင်းသတင်းကောင်းကို ချီးမွမ်းကြလိမ့်မည်။
Malachi 1:11ကမ္ဘာမြေကြီးတစ်စွန်းမှအခြားတစ်စွန်း တိုင်အောင်လူတို့သည် ငါ၏ဂုဏ်တော်ကို ချီးကူးကြပေသည်။ သူတို့သည်အရပ် တကာတွင်နံ့သာပေါင်းကိုမီးရှို့၍ နှစ် သက်ဖွယ်ကောင်းသည့်ယဇ်များကိုငါ့ အားပူဇော်ကြ၏။ သူတို့အားလုံးပင် ငါ၏နာမတော်ကိုချီးကူးကြ၏။-''