ဗျာဒိတ်ကျမ်း 1:4
ယောဟန်ထံမှအာရှနယ်ပယ်ရှိအသင်းတော် ခုနစ်ပါးသို့စာရေးလိုက်ပါသည်။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသောဘုရား သခင်၏ထံတော်မှလည်းကောင်း၊ ပလ္လင်တော်ရှေ့ ၌ရှိသည့်ဝိညာဉ်ခုနစ်ပါးထံမှလည်းကောင်း၊-
Common Language Bible
In The King James Version
In Context
Cross References
Exodus 3:14ဘုရားသခင်က``ငါ၏နာမသည်ငါဖြစ် သည့်အတိုင်း ငါဖြစ်၏ ဟူ၍ဖြစ်သည်။ `ငါဖြစ်သည်ဟုနာမည်ရှိ သောအရှင်သည် သင်တို့ထံသို့ငါ့အားစေလွှတ် တော်မူသည်' ဟုဣသရေလအမျိုးသားတို့ ကိုပြောရမည်'' ဟုမိန့်တော်မူ၏။-
Psalms 102:25ကိုယ်တော်ရှင်သည်ရှေးအခါကကမ္ဘာမြေ ကြီးကို တည်စေတော်မူပြီးလျှင်လက်တော်ဖြင့် မိုးကောင်းကင်ကိုဖန်ဆင်းတော်မူပါ၏။
Isaiah 41:4ဤသို့ဖြစ်ပျက်စေသူကားအဘယ်သူနည်း။ အဘယ်သူသည်သမိုင်း၏ဖြစ်ရပ်များကို စီရင်ဖန်တီးတော်မူပါသနည်း။ ငါထာဝရဘုရားသည်ကပ်ကာလအစ ကပင်လျှင် ရှိနေတော်မူခဲ့၍၊ ထာဝရအရှင်ငါဘုရားသခင်သည်ကပ် ကာလ အဆုံး၌လည်းရှိနေတော်မူလတ္တံ့။
Micah 5:2ထာဝရဘုရားက``ဧဖရတ်ခရိုင်၊ ဗက်လင် မြို့၊ သင်သည်ယုဒပြည်တွင်သိမ်ငယ်သော မြို့တစ်မြို့ဖြစ်သော်လည်း ရှေးမင်းဆက်ထဲ မှဣသရေလအမျိုးသားတို့ကိုအုပ်စိုး မည့်ဘုရင်တစ်ပါးကိုငါပေါ်ထွန်းစေ မည်'' ဟုမိန့်တော်မူ၏။
Zechariah 4:10သူသည်ဗိမာန်တော်ဆောက်လုပ်ရာတွင် တိုး တက်မှုနှေးကွေးသည့်အတွက်စိတ်ပျက်ကြ သော်လည်း ဗိမာန်တော်ကိုဇေရုဗဗေလသည် ချိန်ကြိုးကိုင်လျက် ဆက်လက်တည်ဆောက်လျက် နေကြောင်းကိုတွေ့မြင်ရသောအခါ၌မူ ဝမ်းမြောက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ကောင်းကင်တမန်ကငါ့အား``မီးခွက်ခုနစ် ခုသည်ကမ္ဘာမြေကြီးတစ်ခုလုံးကိုတွေ့ မြင်နိုင်သော ထာဝရဘုရား၏မျက်စိ ခုနစ်လုံးဖြစ်၏'' ဟုပြော၏။
John 1:1ကမ္ဘာလောကကိုဖန်ဆင်းတော်မမူမီကပင် နှုတ်ကပတ်တော်ရှိတော်မူ၏။ နှုတ်ကပတ်တော် သည်ဘုရားသခင်နှင့်အတူရှိတော်မူ၏။ နှုတ်ကပတ်တော်သည်လည်းဘုရားဖြစ်တော်မူ၏။-