ဗျာဒိတ်ကျမ်း 1:5
သစ္စာရှိစွာသက်သေခံတော်မူထသော၊ သေ ခြင်းမှဦးစွာပထမရှင်ပြန်ထမြောက်တော် မူထသော၊ လောကီဘုရင်တို့ကိုအစိုးရ တော်မူထသောယေရှုခရစ်ထံတော်မှလည်း ကောင်း ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းကို သင်တို့ခံစားရကြပါစေသတည်း။ ငါတို့ကိုချစ်တော်မူ၍အသက်တော်ကိုစွန့် တော်မူခြင်းအားဖြင့် ငါတို့အားအပြစ်၏ အနှောင်အဖွဲ့မှလွတ်မြောက်စေတော်မူပြီး လျှင်၊-
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 7:8သို့သော်လည်းထာဝရဘုရားသည်သင်တို့ကို ချစ်၍ သင်တို့၏ဘိုးဘေးတို့အားထားသော ကတိတည်စေလိုတော်မူသောကြောင့် အီဂျစ် ဘုရင်ထံကျွန်ခံရာမှမဟာတန်ခိုးတော် အားဖြင့် သင်တို့ကိုလွတ်မြောက်စေတော်မူ သည်။-
Deuteronomy 23:5သို့ရာတွင်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် သင်တို့ကိုချစ်သောကြောင့်ဗာ လမ်၏ကျိန်ဆဲခြင်းကိုလက်ခံတော်မမူ။ သူသည်သင်တို့အားကျိန်ဆဲစေမည့် အစားကောင်းချီးပေးစေတော်မူ၏။-
Psalms 89:27ငါသည်သူ့အားငါ၏သားဦးဖြစ်စေမည်။ ဘုန်းအကြီးဆုံးသောဘုရင်ဖြစ်စေမည်။
Proverbs 8:15ငါ့အားဖြင့် ရှင်ဘုရင်တို့သည် စိုးစံရသော အခွင့်၊ မင်းအရာရှိတို့သည် ဆုံးဖြတ်ရသော အခွင့်ရှိ ကြ၏။
Daniel 2:2သို့ဖြစ်၍မိမိမည်သည့်အိပ်မက် မက်သည်ကို ဖော်ပြရန်နက္ခဟောဆရာများ၊ ပယောဂ ဆရာများ၊ စုံးအတတ်ကိုတတ်သူများနှင့် မှော်ဆရာများကိုဆင့်ခေါ်တော်မူစေ၏။ သူ တို့သည်ရှေ့တော်သို့ရောက်ကြသောအခါ၊-
Zechariah 13:1ထာဝရဘုရားက``ထိုအချိန်ကျရောက် လာသောအခါ ဒါဝိဒ်၏သားစဉ်မြေးဆက် များနှင့်ယေရုရှလင်မြို့သူမြို့သားတို့ အား မိမိတို့၏အပြစ်များနှင့်ရုပ်တု ကိုးကွယ်မှုမှသန့်စင်စိမ့်သောငှာစမ်း ရေပေါက်ဖွင့်လျက်လာလိမ့်မည်။-