ဗျာဒိတ်ကျမ်း 10:4
ထိုအချိန်၌မိုးကြိုးသံတို့ကမိန့်မြွက်သည့် စကားကို ငါသည်ရေးမှတ်မည်ပြုသော်``မရေး မမှတ်နှင့်။ မိုးကြိုးသံခုနစ်ချက်မိန့်မြွက်သည့် စကားကိုလျှို့ဝှက်ထားလော့'' ဟုကောင်းကင် မှထွက်သောအသံကိုငါကြားရ၏။
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 29:29``ငါတို့ဘုရားသခင်ထာဝရဘုရား ထုတ်ဖော်မပြသောအကြောင်းအရာများ ရှိ၏။ သို့ရာတွင်ငါတို့အားထုတ်ဖော်ပြ သောအကြောင်းအရာဟူမူကား ပညတ် တရားတော်ဖြစ်သတည်း။ ငါတို့နှင့်ငါ တို့၏နောင်လာနောင်သားတို့သည် ထို ပညတ်တရားတော်ကိုအစဉ်အမြဲ စောင့်ထိန်းရကြမည်။
Isaiah 8:16ငါ၏တပည့်တို့သည်ငါ့အားဘုရားသခင် ပေးတော်မူသောဗျာဒိတ်တော်များကို စောင့်ရှောက်ထိန်းသိမ်းရကြပေမည်။-
Daniel 8:26ညဥ့်ဦးယံ၊ နံနက်ယံပူဇော်ရာယဇ်များ နှင့်သက်ဆိုင်၍ သင့်အားငါရှင်းလင်းပြသည့် ဤရူပါရုံသည်အကောင်အထည်ပေါ်လာ လိမ့်မည်။ သို့ရာတွင်ယင်းသို့အကောင်အထည် ပေါ်ရန်အချိန်များစွာလိုသေးသဖြင့်ထို ရူပါရုံကိုလျှို့ဝှက်၍ထားလော့'' ဟုဆို၏။
Daniel 12:9ထိုသူက``ဒံယေလ၊ ကမ္ဘာကုန်ဆုံးချိန်တိုင် အောင်ဤစကားများကိုလျှို့ဝှက်၍ထား ရမည်။ သို့ဖြစ်၍ယခုသင်သွားလော့။-
Revelation 1:11ထိုအသံက``သင်မြင်ရသည့်အရာကိုစာ စောင်တွင်ရေးသား၍ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလ ဒေဖိမြို့၊ လောဒိကိမြို့များရှိအသင်းတော် ခုနစ်ပါးသို့ပေးပို့လော့'' ဟုဆို၏။
Revelation 22:10ထိုနောက်ကောင်းကင်တမန်က``ဤအမှုအရာ အားလုံးဖြစ်ပျက်မည့်အချိန်သည်နီးကပ်လာ ပြီဖြစ်၍ ဤကျမ်းစောင်တွင်ဖော်ပြပါရှိသည့် ပရောဖက်စကားများကိုလျှို့ဝှက်၍မထား နှင့်။-