ဗျာဒိတ်ကျမ်း 22:10
ထိုနောက်ကောင်းကင်တမန်က``ဤအမှုအရာ အားလုံးဖြစ်ပျက်မည့်အချိန်သည်နီးကပ်လာ ပြီဖြစ်၍ ဤကျမ်းစောင်တွင်ဖော်ပြပါရှိသည့် ပရောဖက်စကားများကိုလျှို့ဝှက်၍မထား နှင့်။-
Common Language Bible
In The King James Version
And he saith unto me, Seal not the sayings of the prophecy of this book: for the time is at hand.
In Context
Cross References
Isaiah 8:16ငါ၏တပည့်တို့သည်ငါ့အားဘုရားသခင် ပေးတော်မူသောဗျာဒိတ်တော်များကို စောင့်ရှောက်ထိန်းသိမ်းရကြပေမည်။-
Ezekiel 12:23ထိုစကားပုံနှင့်ပတ်သက်၍ငါအရှင်ထာဝရ ဘုရားအဘယ်သို့မိန့်တော်မူသည်ကိုသူတို့ အား ယခုပြောကြားလော့။ ငါသည်ထိုစကား ပုံကိုပပျောက်စေမည်။ ဣသရေလပြည် တွင်အဘယ်အခါ၌မျှထပ်မံ၍သုံးစွဲရ ကြမည်မဟုတ်။ အချိန်ကာလကျရောက်လာ ပြီဖြစ်၍ဗျာဒိတ်ရူပါရုံများသည် အကောင် အထည်ပေါ်လာမည်ဖြစ်ကြောင်းထိုသူတို့ အားဆင့်ဆိုလော့။''
Daniel 12:4ထိုသူက``အချင်းဒံယေလ၊ သင်သည်ဤစာ စောင်ကိုပိတ်၍ ကမ္ဘာကုန်ဆုံးချိန်တိုင်အောင် တံဆိပ်ခတ်နှိပ်ထားလော့။ ဤအတောအတွင်း ၌လူအများပင်ဖြစ်ပျက်နေဆဲအမှု အရာတို့ကိုသိရှိနားလည်နိုင်ရန် အချည်း နှီးကြိုးစားအားထုတ်ကြလိမ့်မည်'' ဟု ဆို၏။
Matthew 10:27အမှောင်တွင်သင်တို့အားငါပြောသောစကား ကိုအလင်းတွင်ပြောကြားကြလော့။ တီးတိုး ကြားရသည့်စကားကိုအိမ်မိုးထက်မှကြွေး ကြော်ကြလော့။-
2 Thessalonians 2:3ဤအကြောင်းနှင့်ပတ်သက်၍လူတို့မှားယွင်း စွာပြောဆိုနေသည်ကိုလုံးဝမယုံကြနှင့်။ နောက်ဆုံးပုန်ကန်မှုကြီးမဖြစ်ပေါ်မီနှင့် ငရဲသို့လားရမည်ဖြစ်သောသူယုတ်မာ ကြီးမပေါ်ထွန်းမီထိုနေ့ရက်သည်ကျ ရောက်လိမ့်မည်မဟုတ်။-
Revelation 1:3ဖော်ပြပါအမှုအရာများဖြစ်ပျက်မည့် အချိန်နီးကပ်လျက်ရှိပြီဖြစ်ရာ ဤဗျာဒိတ် ကျမ်းကိုဖတ်ရှုသူများနှင့်အဆိုပါအနာ ဂတ်ကျမ်းတွင် ရေးသားပါရှိသည့်တရား စကားများကိုနာယူကျင့်သုံးသူတို့သည် မင်္ဂလာရှိကြ၏။