ဗျာဒိတ်ကျမ်း 11:17
``ပစ္စုပ္ပန်၊အတိတ်ကာလတို့၌ရှိတော်မူသော အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်၊ ကိုယ်တော်သည်မိမိ၏မဟာတန်ခိုးတော် ကို သုံးတော်မူလျက် လောကကိုအုပ်စိုးတော်မူပြီဖြစ်၍ ကျေးဇူးတော်ကိုချီးမွမ်းပါ၏။
Common Language Bible
In The King James Version
In Context
Cross References
Psalms 21:13အို ထာဝရဘုရား၊ ကိုယ်တော်၌မဟာတန်ခိုးတော်ရှိတော်မူ သောကြောင့် ကိုယ်တော်အားကျွန်တော်မျိုးတို့ထောမနာ ပြုကြပါ၏။ ကိုယ်တော်၏ဘုန်းအာနုဘော်တော်ကို ထောမနာသီချင်းဆိုပါမည်။
Psalms 64:9ထိုသူအပေါင်းတို့သည်ကြောက်လန့်လျက် ဘုရားသခင်စီရင်တော်မူသောအမှုကို ဆင်ခြင်ကာ ကိုယ်တော်ပြုတော်မူသောအမှုတော်များ အကြောင်းကို ပြောကြားကြလိမ့်မည်။
Psalms 102:13ကိုယ်တော်ရှင်သည်ထတော်မူ၍ဇိအုန်မြို့ကို သနားတော်မူလိမ့်မည်။ ထိုမြို့ကိုသနားတော်မူရန်အချိန်သည် ကျရောက်လာပါပြီ။ ယခုအချိန်သည်သင့်တော်သည့်အချိန်ပင် ဖြစ်ပါ၏။
Isaiah 52:10ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်သည့် လက်တော်အားဖြင့်၊နိုင်ငံအသီးသီး၏ရှေ့တွင် မိမိ၏လူမျိုးတော်ကိုကယ်တင်တော်မူပြီဖြစ်၍၊ ထိုအချင်းအရာကိုကမ္ဘာတစ်ဝှမ်းလုံးပင် တွေ့မြင်ရကြလေပြီ။
Daniel 6:10မင်းကြီးဤသို့လက်မှတ်ရေးထိုးပြီး ကြောင်းကိုကြားသိသောအခါ ဒံယေလ သည်အိမ်သို့ပြန်လေ၏။ သူ၏အိမ်အထက် ခန်းတွင်ယေရုရှလင်မြို့သို့မျက်နှာမူ သည့်ပြူတင်းပေါက်များရှိ၏။ သူသည်ထို အခန်းတွင်မိမိပြုလေ့ရှိသည်အတိုင်း ပြူတင်းပေါက်များအနီးတွင် ဒူးထောက် လျက်တစ်နေ့လျှင်သုံးကြိမ်ဘုရားသခင်အားဆုတောင်းပတ္ထနာပြုလေ၏။
Luke 10:21ထိုအခါသန့်ရှင်းသောဝိညာဉ်တော်သည် ကိုယ်တော်အားရွှင်လန်းဝမ်းမြောက်စေတော်မူ သဖြင့်ကိုယ်တော်က ``မိုးမြေကိုအစိုးရတော်မူ သောအဖ၊ ကိုယ်တော်သည်အသိပညာရှင်များမှ ထိမ်ဝှက်ထားတော်မူသောအကြောင်းအရာများ ကို ပညာမဲ့သူများအားဖွင့်ပြတော်မူသော ကြောင့်ကျေးဇူးတော်ကိုချီးမွမ်းပါ၏။ အဖ ခမည်းတော်၊ ဤသို့ဖြစ်ရခြင်းမှာကိုယ်တော် လိုလားတော်မူသည်အတိုင်းဖြစ်ပါ၏။