The Bible Software
bible.software › Psalms › Psalms 64 › Psalms 64:9

Psalms 64:9

ထို​သူ​အ​ပေါင်း​တို့​သည်​ကြောက်​လန့်​လျက် ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​သော​အ​မှု​ကို ဆင်​ခြင်​ကာ ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော်​များ အ​ကြောင်း​ကို ပြော​ကြား​ကြ​လိမ့်​မည်။

Common Language Bible

In The King James Version

And all men shall fear, and shall declare the work of God; for they shall wisely consider of his doing.

In Context

8သူ​တို့​ပြော​ဆို​သည့်​စ​ကား​များ​ကြောင့်​ပင်​လျှင် ကိုယ်​တော်​သည်​သူ​တို့​အား​သေ​ကြေ​ပျက်​စီး စေ​တော်​မူ​လိမ့်​မည်။ သူ​တို့​ကို​တွေ့​မြင်​သူ​အ​ပေါင်း​တို့​သည် ဦး​ခေါင်း​ကို​ခါ​ကြ​လိမ့်​မည်။

10ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​တော်​ကြောင့် သူ​တော်​ကောင်း​အ​ပေါင်း​တို့​သည်​ရွှင်​လန်း ဝမ်း​မြောက်​ကြ​လိမ့်​မည်။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​တွင် ခို​လှုံ​ကြ​လိမ့်​မည်။ စိတ်​နှ​လုံး​ဖြူ​စင်​ဖြောင့်​မတ်​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။

Read all of Psalms 64

Cross References

Psalms 53:5သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ကိုယ်​တော့် လူ​စု​တော်​၏ ရန်​သူ​များ​၏​အ​ရိုး​များ​ကို ဖ​ရို​ဖ​ရဲ​ကွဲ​လွင့်​စေ​တော်​မူ​မည်​ဖြစ်​၍​သူ​တို့​သည် တစ်​ခါ​မျှ​မ​ခံ​စား​ခဲ့​ဘူး​သည့်​ကြောက်​ခြင်း​မျိုး ဖြင့် အ​လွန်​ကြောက်​လန့်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​သူ​တို့​ကို​ပစ်​ပယ်​တော်​မူ ပြီ​ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လုံး​ဝ​အ​နိုင် ရ​ကြ​လိမ့်​မည်။

Psalms 59:13ကိုယ်​တော်​ရှင်​သည်​အ​မျက်​တော်​ထွက်​၍ သူ​တို့​အား သုတ်​သင်​ဖျက်​ဆီး​ပစ်​တော်​မူ​ပါ။ အ​ကုန်​အ​စင်​သုတ်​သင်​ဖျက်​ဆီး​ပစ်​တော်​မူ​ပါ။ ထို​အ​ခါ​ဘု​ရား​သ​ခင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အုပ်​စိုး​လျက် နေ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​အာ​ဏာ​စက်​သည်​ကမ္ဘာ​တစ်​ပြင်​လုံး ပျံ့​နှံ့​လျက်​ရှိ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း လူ​အ​ပေါင်း​တို့​သိ​ကြ​ပါ​လိမ့်​မည်။

Psalms 119:20ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ စီ​ရင်​ဆုံးဖြတ်​ခက်​တို့​ကို​အ​ခါ​ခပ်​သိမ်း စိတ်​စွဲ​လမ်း​တောင့်​တ​လက်​ရှိ​ပါ​၏။

Isaiah 5:12သင်​တို့​၏​ပွဲ​လမ်း​သ​ဘင်​များ​တွင်​စောင်း​များ၊ ပတ်​သာ​များ၊ ပ​လွေ​များ​နှင့်​စ​ပျစ်​ရည်​ပါ တတ်​၏။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ် သို့​ပြု​တော်​မူ​လျက်​နေ​သည်​ကို သင်​တို့​မ​သိ ကြ။-

Jeremiah 51:10``ငါ​၏​လူ​စု​တော်​က`ငါ​တို့​ဖြောင့်​မှန်​ကြောင်း ကို ထာ​ဝ​ရ​ဘု​ရား​ပြ​တော်​မူ​လေ​ပြီ။ ငါ တို့​သည်​ဇိ​အုန်​မြို့​သူ​မြို့​သား​တို့​ထံ​သို့ သွား​၍ ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​တော်​ကို ပြော​ကြား​ကြ​ကုန်​အံ့' ဟု​ကြွေး​ကြော်​၏'' ဟု​မိန့်​တော်​မူ​၏။

Hosea 14:9ပ​ညာ​ဉာဏ်​ရှိ​သူ၊ ခွဲ​ခြား​ဝေ​ဖန်​နိုင်​သူ​တို့​သည် ဤ​ကျမ်း​တွင်​ရေး​ထား​သ​မျှ​တို့​ကို​သ​ဘော ပေါက်​နား​လည်​၍​မှတ်​သား​နိုင်​ကြ​စေ။ ထာ​ဝ​ရ ဘု​ရား​ချ​မှတ်​သော​နည်း​လမ်း​တို့​သည်​မှန်​ကန် သ​ဖြင့် ဖြောင့်​မတ်​သူ​တို့​သည်​ထို​နည်း​လမ်း​များ အ​တိုင်း​လိုက်​နာ​၍ အ​သက်​ရှင်​နေ​ထိုင်​ကြ​၏။ သို့​သော်​အ​ပြစ်​ကူး​သူ​တို့​မူ​ကား ထို​နည်း လမ်း​များ​ကို​မ​လိုက်​နာ​ကြ​သ​ဖြင့်​ခြေ ချော်​၍​လဲ​ကျ​ကြ​သ​တည်း။ ပ​ရော​ဖက်​ဟော​ရှေ​စီ​ရင်​ရေး​သား​ထား သော​အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Psalms 64:9

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)
← Psalms 64:8Psalms 64Psalms 64:10 →