ဗျာဒိတ်ကျမ်း 12:15
နဂါးသည်အမျိုးသမီးအားရေအဟုန်တွင် မျောပါသွားစေရန် မိမိ၏ခံတွင်းမှရေကို မြစ်သဖွယ်မှုတ်ထုတ်လိုက်၏။-
Common Language Bible
In The King James Version
In Context
Cross References
Psalms 65:7ကိုယ်တော်ရှင်သည်ပင်လယ်ရေမြည်ဟည်းသံနှင့် လှိုင်းလုံးသံတို့ကိုငြိမ်သက်စေတော်မူပါ၏။ လူတို့ရုန်းရင်းဆန်ခတ်သံများကိုလည်း ငြိမ်သက်စေတော်မူပါ၏။
Isaiah 8:7ငါထာဝရဘုရားသည်အာရှုရိဘုရင်နှင့် သူ၏တပ်သားများအားခေါ်ယူ၍ ယုဒပြည် ကိုတိုက်ခိုက်စေမည်။ သူတို့သည်ဥဖရတ် မြစ်ရေလျှံသကဲ့သို့ကျယ်ပြန့်စွာချီတတ် လာကြလိမ့်မည်။-
Isaiah 59:19အရှေ့မျက်နှာမှသည်အနောက်မျက်နှာသို့ တိုင်အောင် လူအပေါင်းတို့သည်ကိုယ်တော်၏ နာမတော်နှင့်ဘုန်းတန်ခိုးတော်တို့ကိုကြောက် ရွံ့လေးစားကြလိမ့်မည်။ ကိုယ်တော်သည်အရှိန် ပြင်းသည့်ချောင်းရေကဲ့သို့လည်းကောင်း၊ အဟုန် ကြီးသည့်လေကဲ့သို့လည်းကောင်းကြွလာ တော်မူလိမ့်မည်။