Psalms 65:7
ကိုယ်တော်ရှင်သည်ပင်လယ်ရေမြည်ဟည်းသံနှင့် လှိုင်းလုံးသံတို့ကိုငြိမ်သက်စေတော်မူပါ၏။ လူတို့ရုန်းရင်းဆန်ခတ်သံများကိုလည်း ငြိမ်သက်စေတော်မူပါ၏။
Common Language Bible
In The King James Version
Which stilleth the noise of the seas, the noise of their waves, and the tumult of the people.
In Context
Cross References
Psalms 2:1တိုင်းနိုင်ငံတို့သည်အဘယ်ကြောင့်ဆူပူပုန်ကန်ရန် ကြံစည်ကြသနည်း။ လူတို့သည်အဘယ်ကြောင့်အချည်းနှီး လျှို့ဝှက်ကြံစည်ကြသနည်း။
Psalms 76:10လူတို့၏ဒေါသသည်ကိုယ်တော်ရှင်အားပို၍ ထောမနာပြုခြင်းအကျိုးကိုဖြစ်ပေါ်စေပါ လိမ့်မည်။ စစ်ပွဲတွင်မသေဘဲအသက်ရှင်ကျန်ရစ်သူတို့သည် ကိုယ်တော်၏ပွဲတော်များကိုစောင့်ထိန်း ကြပါလိမ့်မည်။
Psalms 93:1ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်သည်ဘုန်းအသရေတော်ကို ဝတ်ဆင်တော်မူ၍ တန်ခိုးအာနုဘော်တော်ကိုခါးပန်းစည်းတော်မူ၏။ ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုခိုင်မြဲစွာ တည်စေတော်မူသည်ဖြစ်၍ယင်းကိုလှုပ်ရှား၍ မရနိုင်ရာ။
Psalms 104:6ထိုနောက်ကမ္ဘာမြေကြီးကိုသမုဒ္ဒရာဖြင့် ဝတ်လုံသဖွယ်ဖုံးလွှမ်းတော်မူပါ၏။ ရေသည်လည်းတောင်များကိုလွှမ်းမိုးပါ၏။
Isaiah 17:12တန်ခိုးကြီးမားသည့်နိုင်ငံများသည် ပင်လယ် မြည်ဟည်းသံ၊ လှိုင်းလုံးကြီးများရိုက်ပုတ် သံကဲ့သို့သောအသံနှင့်ထကြွသောင်း ကျန်းလျက်ရှိကြ၏။-
Jonah 1:4သင်္ဘောသည်ပင်လယ်တွင်းသို့ရောက်သွားသောအခါ ထာဝရဘုရားသည်လေပြင်းမုန်တိုင်းကြီးကိုတိုက်ခတ်စေတော်မူ၏။ ထိုလေမုန်တိုင်းကြီးသည်လွန်စွာပြင်းထန်လှသဖြင့်သင်္ဘောသည်ပျက်လုမတတ်ရှိလေ၏။-