ဗျာဒိတ်ကျမ်း 12:3
မိုးကောင်းကင်တွင်အခြားအတိတ်နိမိတ် တစ်ရပ်ပေါ်လာပြန်၏။ ဦးခေါင်းခုနစ်လုံး၊ ဦး ချိုဆယ်ချောင်းရှိသောနဂါးနီကြီးတစ်ကောင် သည်မိမိ၏ဦးခေါင်းများပေါ်တွင်သရဖူ ခုနစ်လုံးကိုဆောင်း၍ထား၏။-
Common Language Bible
In The King James Version
In Context
2သူသည်မကြာမီသားဖွားမည်ဖြစ်၍သား ဖွားခြင်းဝေဒနာဖြင့်အော်လျက်နေ၏။
Cross References
Isaiah 27:1ထိုကာလ၌ထာဝရဘုရားသည်ကြီးမား ထက်မြက်သောဋ္ဌားတော်ဖြင့် တွန့်လိမ်လျက်နေ သည့်မြွေကြီးလဝိသန်ကိုအပြစ်ဒဏ်ခတ် တော်မူ၍၊ ပင်လယ်နဂါးကြီးကိုလည်းသတ် တော်မူလိမ့်မည်။
Daniel 2:41ရုပ်တုကြီး၏ခြေဖမိုးနှင့်ခြေချောင်းများ သည်ရွှံ့စေးသရွတ်တစ်ပိုင်း၊ သံတစ်ပိုင်းဖြစ် ကြောင်းကိုအရှင်မင်းကြီးတွေ့မြင်တော်မူ ရသည်နှင့်အညီ အင်ပါယာနိုင်ငံသည်စိတ် ဝမ်းကွဲပြားသောနိုင်ငံဖြစ်ပါလိမ့်မည်။ သံ နှင့်ရွှံ့စေးသရွတ်ရော၍နေသည်ကိုထောက် ၍ ထိုနိုင်ငံတွင်သံကဲ့သို့ခိုင်မာတောင့်တင်း မှုအချို့အဝက်ရှိပါလိမ့်မည်။-
Daniel 7:7ငါသည်ကြည့်ရှုနေစဉ်စတုတ္ထသားရဲကိုမြင်ရ၏။ ထိုသားရဲသည်ခွန်အားကြီး၍ထိတ်လန့်ကြောက်မက်ဖွယ်ကောင်း၏။ သူ၏သွားကြီးများဖြင့်ရန်သူတို့ကိုကိုက်ဝါးကာခြေဖြင့်နင်းချေ၏။ ဤသားရဲသည်အခြားသားရဲများနှင့်မတူချေ။ သူ့မှာဦးချိုဆယ်ချောင်းရှိ၏။-
Daniel 7:24ဦးချိုဆယ်ချောင်းမှာထိုနိုင်ငံတွင်ပေါ်ပေါက်လာမည့်ဘုရင်ဆယ်ပါးဖြစ်၏။ ထိုနောက်အခြားဘုရင်တစ်ပါးပေါ်လာလိမ့်မည်။ သူသည်ယခင်ဘုရင်များနှင့်ကွာခြားသူဖြစ်လိမ့်မည်။ ဘုရင်သုံးပါးကိုလည်းနှိမ်နင်းလိမ့်မည်။-
Revelation 12:4သူသည်မိုးကောင်းကင်ကကြယ်တာရာသုံးပုံ တစ်ပုံကို မိမိအမြီးဖြင့်ဆွဲငင်ကာကမ္ဘာမြေ ပေါ်သို့ပစ်ချလိုက်၏။ နဂါးကြီးသည်သားဖွား အံ့ဆဲဆဲဖြစ်သောအမျိုးသမီး၏ရှေ့တွင် ရပ်လျက် ထိုအမျိုးသမီးသားဖွားသည်နှင့် တစ်ပြိုင်နက်သားငယ်ကိုစားမျိုရန်စောင့် ၍နေ၏။-
Revelation 12:17ထိုအခါနဂါးသည်အမျက်ထွက်သဖြင့် အမျိုးသမီး၏ကျန်ကြွင်းနေသေးသော သားမြေးများတည်းဟူသော ဘုရားသခင် ၏ပညတ်တော်တို့ကိုစောင့်ရှောက်၍သခင် ယေရှုဖော်ပြတော်မူသော သမ္မာတရားတော် ကိုသစ္စာရှိစွာထိန်းသိမ်းသူများအားတိုက် ခိုက်ရန်ထွက်ခွာသွား၏။-