ဗျာဒိတ်ကျမ်း 12:17
ထိုအခါနဂါးသည်အမျက်ထွက်သဖြင့် အမျိုးသမီး၏ကျန်ကြွင်းနေသေးသော သားမြေးများတည်းဟူသော ဘုရားသခင် ၏ပညတ်တော်တို့ကိုစောင့်ရှောက်၍သခင် ယေရှုဖော်ပြတော်မူသော သမ္မာတရားတော် ကိုသစ္စာရှိစွာထိန်းသိမ်းသူများအားတိုက် ခိုက်ရန်ထွက်ခွာသွား၏။-
Common Language Bible
In The King James Version
In Context
18နဂါးသည်ပင်လယ်ကမ်းခြေတွင်ရပ်လျက်နေ၏။
Cross References
Daniel 7:23ထိုသူက``စတုတ္ထသားရဲသည်ကမ္ဘာမြေပေါ်တွင်ပေါ်ပေါက်လာမည့်စတုတ္ထမြောက်အင်ပါယာနိုင်ငံဖြစ်၍အခြားနိုင်ငံအပေါင်းနှင့်ကွာခြားလိမ့်မည်။ ယင်းသည်ကမ္ဘာမြေတစ်ဝန်းလုံးကိုဝါးမြိုကာခြေဖြင့်နင်း၍ချေမှုန်းလိမ့်မည်။-
Matthew 28:20သင်တို့အားငါပေးသမျှသောပညတ်တို့ကို စောင့်ထိန်းကြစေရန်သူတို့အားသွန်သင်ကြလော့။ ငါသည်ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောင်သင်တို့ နှင့်အတူအစဉ်မပြတ်ရှိတော်မူမည်'' ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။
1 Corinthians 2:1သို့ဖြစ်သောကြောင့်ညီအစ်ကိုတို့၊ ငါသည် သင်တို့ထံသို့လာရောက်၍ ဘုရားသခင်၏ နက်နဲသောသမ္မာတရားတော်ကိုဟောပြောစဉ် အခါကထည်ဝါသောစကားများ၊ အသိ ပညာနှင့်ယှဉ်သောစကားများဖြင့်ဟော ပြောသည်မဟုတ်။-
1 John 2:3ဘုရားသခင်၏ပညတ်တော်တို့ကိုစောင့်ထိန်း မှသာလျှင်ငါတို့သည်ကိုယ်တော်ကိုသိကျွမ်း သူများဖြစ်ကြောင်းအသေအချာသိရှိ နိုင်မည်။-
1 John 5:10ဘုရားသခင်၏သားတော်ကိုယုံကြည်သူသည် ထိုသက်သေခံချက်ကိုစိတ်နှလုံးထဲတွင်မှတ် ကျုံးထား၏။ ဘုရားသခင်ကိုမယုံကြည်သူ သည်ကား သားတော်အကြောင်းကိုယ်တော်သက် သေခံတော်မူသည်ကိုမယုံကြည်သဖြင့် ဘုရားသခင်အားမုသားသုံးသည်ဟုဆို ရာရောက်၏။-
Revelation 1:9ငါကားနိုင်ငံတော်သားများခံရသည့်ဆင်း ရဲဒုက္ခကို သင်တို့နှင့်အတူသည်းခံနေရသူ၊ သင်တို့၏အစ်ကိုယောဟန်ဖြစ်၏။ ငါသည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်သခင် ယေရှုဖော်ပြသက်သေခံသည့်သမ္မာတရား ကိုဟောပြောကြေညာသည့်အတွက်ပတ်မု ကျွန်းသို့အပို့ခံရ၏။-