ဗျာဒိတ်ကျမ်း 13:15
ထိုရုပ်တုသည်စကားပြောနိုင်ရန်လည်း ကောင်း၊ မိမိအားမရှိခိုးသူအပေါင်းတို့ အားသေစေနိုင်ရန်လည်းကောင်း ဒုတိယ သားရဲသည်ထိုရုပ်တုကိုအသက်သွင်း ပေးခွင့်ကိုလည်းရ၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 2:7ထိုနောက်ထာဝရအရှင်ဘုရားသခင်သည် မြေဖြင့်လူကိုဖန်ဆင်းပြီးလျှင် လူ၏နှာခေါင်း ထဲသို့ဇီဝအသက်ကိုမှုတ်သွင်းတော်မူရာ လူသည် အသက်ရှင်သောသတ္တဝါဖြစ်လာ ၏။
Psalms 135:16ထိုရုပ်တုတို့သည်နှုတ်များရှိပါလျက် စကားမပြောနိုင်၊ မျက်စိများရှိပါလျက်မမြင်နိုင်။
Jeremiah 10:14ဤအခြင်းအရာကိုမြင်ခြင်းကြောင့် လူအပေါင်းတို့သည်ထုံထိုင်း၍အသိဉာဏ် ကင်းမဲ့သူများဖြစ်လာရကြလေသည်။ ပန်းတဉ်းဆရာအပေါင်းတို့သည် မိမိတို့သွန်းလုပ်သည့်ဘုရားများမှာ အစစ်အမှန်မဟုတ်သဖြင့်စိတ်ပျက် ရကြ၏။ အဘယ်ကြောင့်ဆိုသော်ရုပ်တုများတွင် အသက်မရှိသောကြောင့်တည်း။
Daniel 3:3အရာရှိအပေါင်းတို့သည်ရွှေရုပ်ကြီး ၏ရှေ့တွင်ရပ်နေကြသောအခါ၊-
Daniel 7:25သူသည်အမြင့်မြတ်ဆုံးသောဘုရားသခင်ကိုဆန့်ကျင်ပြောဆိုလျက် ကိုယ်တော်၏လူမျိုးတော်တို့ကိုနှိပ်စက်ညှဉ်းဆဲလိမ့်မည်။ သူသည်လူမျိုးတော်တို့၏ဘာသာရေးဆိုင်ရာတရားဋ္ဌမ္မများနှင့်ပွဲလမ်းသဘင်များကိုပြောင်းလဲစေရန် ကြိုးစားလိမ့်မည်။ ဘုရားသခင်၏လူမျိုးတော်သည်လည်း သူ၏အာဏာစက်အောက်တွင်သုံးနှစ်ခွဲမျှနေကြရလိမ့်မည်။-
James 2:26ထို့ကြောင့်ဝိညာဉ်နှင့်ကင်းသောကိုယ်ခန္ဓာသည် အသေဖြစ်သကဲ့သို့ အကျင့်နှင့်ကင်းသည့် ယုံကြည်ခြင်းသည်အသေဖြစ်သတည်း။