Daniel 7:25
သူသည်အမြင့်မြတ်ဆုံးသောဘုရားသခင်ကိုဆန့်ကျင်ပြောဆိုလျက် ကိုယ်တော်၏လူမျိုးတော်တို့ကိုနှိပ်စက်ညှဉ်းဆဲလိမ့်မည်။ သူသည်လူမျိုးတော်တို့၏ဘာသာရေးဆိုင်ရာတရားဋ္ဌမ္မများနှင့်ပွဲလမ်းသဘင်များကိုပြောင်းလဲစေရန် ကြိုးစားလိမ့်မည်။ ဘုရားသခင်၏လူမျိုးတော်သည်လည်း သူ၏အာဏာစက်အောက်တွင်သုံးနှစ်ခွဲမျှနေကြရလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Daniel 2:21ကိုယ်တော်သည်အချိန်ကာလနှင့်ရာသီဥတု တို့ကို အစိုးရတော်မူ၏။ ဘုရင်တို့အားနန်းတင်နန်းချတော်မူ၏။ ကိုယ်တော်သည်လူတို့အားဉာဏ်ပညာနှင့် အသိတရားကိုပေးတော်မူ၏။
Daniel 4:32သင်သည်လူအသိုင်းအဝိုင်းမှအနှင်ခံရ ၍တောတိရစ္ဆာန်များနှင့်အတူနေရလတ္တံ့။ ခုနစ်နှစ်တိုင်တိုင်နွားကဲ့သို့မြက်ကိုစား ရလတ္တံ့။ ထိုအခါဘုရားသခင်သည်လော ကီနိုင်ငံများကိုအစိုးရတော်မူ၍ ယင်း တို့ကိုမိမိအလိုရှိသူအားပေးပိုင် ကြောင်းကိုသင်ဝန်ခံလိမ့်မည်'' ဟုကောင်း ကင်မှအသံထွက်ပေါ်လာလေသည်။
Daniel 7:20ထိုနောက်ငါသည်သူ၏ခေါင်းပေါ်ရှိဦးချိုဆယ်ချောင်းအကြောင်းကိုလည်းကောင်း၊ နောက်မှပေါ်ပေါက်လာကာအခြားဦးချိုသုံးချောင်းကိုဖယ်ရှားပစ်၍ မျက်စိများနှင့်ကြွားဝါတတ်သောနှုတ်ရှိပြီးလျှင်အခြားဦးချိုများထက်ကြောက်မက်ဖွယ်ကောင်းသောဦးချိုငယ်အကြောင်းကိုလည်းကောင်းသိလို၏။
Daniel 8:11ကောင်းကင်ဗိုလ်ခြေတို့၏အရှင်ကိုပင်အာ ခံလျက် ကိုယ်တော်အားပူဇော်နေကျဖြစ် သည့်ယဇ်များကိုရပ်စဲစေ၍ဗိမာန်တော် ကိုပျက်စီးစေ၏။-
Daniel 9:27ထိုမင်းသည်ခုနစ်နှစ်တိုင်တိုင်များစွာ သောလူတို့နှင့် အခိုင်အမာသဘောတူ စာချုပ်ချုပ်ဆိုလိမ့်မည်။ သုံးနှစ်ခွဲမျှ ကြာသောအခါသူသည် ယဇ်နှင့်ပူဇော် သကာများဆက်ကပ်မှုကိုရပ်စဲစေ လိမ့်မည်။ ထိုနောက်ထိတ်လန့်စက်ဆုပ်ဖွယ် ကောင်းသည့်အရာ ကို ဗိမာန်တော်လူမြင်ကွင်းတွင်မြှောက်တင် ထားလိမ့်မည်။ ထိုအရာသည်မြှောက်တင်သူ အတွက် ဘုရားသခင်ပြင်ဆင်စီရင်ထား တော်မူသောဆုံးပါးပျက်စီးချိန်တိုင် အောင် ဗိမာန်တော်တွင်တည်ရှိနေလိမ့်မည်'' ဟုဆို၏။
Daniel 11:30ရောမအမျိုးသားတို့သည်သင်္ဘောများဖြင့် လာရောက်၍ သူ့အားဆီးတားတိုက်ခိုက်ကြ မည်ဖြစ်သဖြင့်သူသည်ကြောက်လန့်လိမ့်မည်။ ``ထိုအခါသူသည်အမျက်ပြင်းစွာထွက် လျက်နောက်သို့ပြန်၍ဆုတ်ပြီးလျှင် ဘုရားသခင်၏လူမျိုးတော်ကိုးကွယ်သောဘာသာ ကိုဖျက်ဆီးရန်ကြိုးစားလိမ့်မည်။ ထိုဘာသာ တော်ကိုစွန့်လွှတ်ခဲ့သူတို့၏အကြံပေး စကားများကိုလည်းနားထောင်လိမ့်မည်။-