ဗျာဒိတ်ကျမ်း 14:4
ထိုသူတို့သည်ကာမဂုဏ်ခံစားမှုနှင့်ကင်း လွတ်သူလူပျိုစင်များဖြစ်၍ သိုးသူငယ် တော်သွားလေရာအရပ်သို့လိုက်ကြ၏။ သူ တို့သည်လူသားတို့အနက်ကရွေးနုတ် ကယ်တင်ခြင်းခံရသဖြင့် ဘုရားသခင်နှင့် သိုးသူငယ်တော်အား အဦးဆုံးဆက်သ ခြင်းခံရသူများဖြစ်ကြသတည်း။-
Common Language Bible
In The King James Version
In Context
5သူတို့သည်အဘယ်အခါမျှ လိမ်လည်၍ မပြောတတ်။ အပြစ်ကင်းစင်သူများဖြစ် ပေသည်။
Cross References
Psalms 45:14သူသည်အရောင်အဝါတောက်ပသည့် အဝတ်တန်ဆာကိုဝတ်ဆင်ထား၏။ သူ့ကိုအပျိုရံများလိုက်ပါလျက်မင်းကြီး ထံသို့ ခေါ်ဆောင်ခဲ့ကြ၏။ အပျိုရံများကိုလည်းမင်းကြီးထံသို့ ခေါ်ဆောင်ခဲ့ကြ၏။
Song of Solomon 1:3ကျွန်မကို သွေးဆောင်တော်မူပါ။ ကျွန်မတို့ သည် နောက်တော်သို့ပြေး၍ လိုက်ကြပါမည်။ အရှင် မင်းကြီးသည် အိမ်တော်အတွင်းခန်းထဲသို့ ကျွန်မကို ဆောင်ခဲ့တော်မူပြီ။ ကျွန် မတို့သည် ကိုယ်တော်ကြောင့် ဝမ်းမြောက်ရွှင်လန်းကြမည်။ မေတ္တာတော်ကို စပျစ်ရည် ထက်သာ၍ ချီးမွမ်းကြမည်။ သတို့သမီးကညှာတို့သည် ကိုယ်တော်ကိုမှန်ကန်စွာ ချစ်ကြပါ၏။
Jeremiah 2:3အို ဣသရေလအမျိုးတို့၊သင်တို့ကို ငါတစ်ဦးတည်းသာလျှင်ပိုင်တော်မူ၏။ သင်တို့သည်ငါပိုင်သောအမြတ်ထားရာ ဖြစ်၏။ ငါသည်သင်တို့ကိုထိခိုက်နာကျင်စေသူ အပေါင်းအား ဘေးအန္တရာယ်နှင့်ဆင်းရဲဒုက္ခရောက်စေခဲ့၏။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားပင်တည်း။''
Matthew 8:19ကျမ်းတတ်ဆရာတစ်ယောက်သည်လာ၍ကိုယ် တော်အား ``ဆရာတော်၊ အကျွန်ုပ်သည်အရှင် ကြွတော်မူရာသို့လိုက်ပါမည်'' ဟုလျှောက် ထား၏။
Luke 9:57ယင်းသို့ခရီးပြုနေကြစဉ်လူတစ်ယောက် က ``အကျွန်ုပ်သည်အရှင်ကြွတော်မူရာသို့ လိုက်ပါမည်'' ဟုသခင်ယေရှုအားလျှောက် ထား၏။
John 10:27ငါ၏သိုးတို့သည်ငါ့စကားကိုနားထောင်ကြ ၏။ ငါသည်သူတို့ကိုသိ၍သူတို့သည်လည်း ငါ့ နောက်သို့လိုက်ကြ၏။-