The Bible Software
bible.software › ဗျာဒိတ်ကျမ်း › ဗျာဒိတ်ကျမ်း 18 › ဗျာဒိတ်ကျမ်း 18:19

ဗျာဒိတ်ကျမ်း 18:19

သူ​တို့​သည်​မြေ​မှုန့်​များ​ကို​မိ​မိ​တို့​အ​ပေါ်​သို့​ကြဲ ဖြန့်​လျက်``ဖြစ်​ရ​လေ​ခြင်း၊ ဖြစ်​ရ​လေ​ခြင်း။ ပင်​လယ် ကူး​သင်္ဘော​ပိုင်​ရှင်​အ​ပေါင်း​အား​ကြွယ်​ဝ​ချမ်း​သာ စေ​သော​မြို့​ကြီး​သည်​တစ်​နာ​ရီ​အ​တွင်း​ရှိ​သ​မျှ ဆုံး​ရှုံး​ရ​ပါ​သည်​တ​ကား'' ဟု​ငို​ကြွေး​မြည်​တမ်း ကြ​၏။

Common Language Bible

In The King James Version

And they cast dust on their heads, and cried, weeping and wailing, saying, Alas, alas, that great city, wherein were made rich all that had ships in the sea by reason of her costliness! for in one hour is she made desolate.

In Context

18ထို​မြို့​ကို​ကျွမ်း​လောင်​စေ​သည့်​မီး​လျှံ​များ​မှ မီး​ခိုး​များ​ကို​မြင်​သော​အ​ခါ​သူ​တို့​က``အ​ဘယ် အ​ခါ​၌​မျှ​ဤ​မြို့​ကဲ့​သို့​ကြီး​ကျယ်​ခမ်း​နား သည့်​မြို့​မ​ရှိ​ခဲ့​ဘူး​ပါ'' ဟု​ဟစ်​အော်​ကြ​၏။-

20ကောင်း​ကင်​ဘုံ​သား​တို့၊ ထို​မြို့​ပျက်​စီး​သည့် အ​တွက်​ဝမ်း​မြောက်​ရွှင်​မြှုး​ကြ​လော့။ ဘု​ရား သ​ခင်​၏​လူ​စု​တော်​ဝင်​များ၊ တ​မန်​တော်​များ၊ ပ​ရော​ဖက်​များ​တို့၊ ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။ သင်​တို့​အား​ပြု​သ​မျှ​အ​တွက်​ဘု​ရား​သ​ခင် သည်​ထို​မြို့​ကို​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပြီ။

Read all of ဗျာဒိတ်ကျမ်း 18

Cross References

Joshua 7:6ယော​ရှု​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း ဆောင်​တို့​သည်​ဝမ်း​နည်း​စိတ်​ပျက်​လျက် မိ​မိ တို့​၏​အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​၍ ထာ​ဝ​ရ ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင်​ဝမ်း နည်း​သည့်​အ​နေ​ဖြင့် မိ​မိ​တို့​၏​ဦး​ခေါင်း ပေါ်​မှာ​မြေ​မှုန့်​တင်​လျက်​ညဦး​တိုင်​အောင် ပျပ်​ဝပ်​လျက်​နေ​ကြ​၏။-

2 Samuel 13:19သူ​သည်​မိ​မိ​၏​ဦး​ခေါင်း​ကို​ပြာ​လူး​၍​ဝတ် လုံ​ကို​လည်း​ဆုတ်​ဖြဲ​ကာ မျက်​နှာ​ကို​လက်​ဖြင့် အုပ်​၍​ငို​ယို​လျက်​ထွက်​ခွာ​သွား​လေ​သည်။-

Job 2:12ထိုသူတို့သည် အဝေးကမျှော်ကြည့်၍ ယောဘကို မသိလျှင်၊ အသံကိုလွှင့်၍ ငိုကြွေးကြ၏။ အသီးအသီး မိမိတို့ဝတ်လုံကိုဆုတ်၍ မြေမှုန့်ကို ယူပြီးလျှင် မိမိတို့ ခေါင်းပေါ်သို့ကျရောက်စေခြင်းငှါ၊ မိုဃ်းကောင်းကင်သို့ ပစ်တင်ကြ၏။

Revelation 17:16သင်​မြင်​ရ​သော​သား​ရဲ​နှင့်​ဦး​ချို​ဆယ်​ချောင်း တို့​သည် ပြည့်​တန်​ဆာ​မ​ကို​မုန်း​ကြ​လိမ့်​မည်။ သူ​တို့​သည်​ပြည့်​တန်​ဆာ​မ​ထံ​မှ​ရှိ​သ​မျှ ကို​ချွတ်​ယူ​လျက်​အ​ဝတ်​အ​ချည်း​စည်း​ဖြစ် စေ​ကြ​လိမ့်​မည်။ သူ​၏​အ​သား​ကို​စား​၍​သူ့ ကို​မီး​ရှို့​ကြ​လိမ့်​မည်။-

Revelation 18:8ဤ​အ​ကြောင်း​ကြောင့်​ရော​ဂါ​ဘေး၊ ဝမ်း​နည်း​ကြေ​ကွဲ​ခြင်း​ဘေး၊ အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​များ​သည် သူ​၏​အ​ပေါ်​သို့​တစ်​ရက်​အ​တွင်း ကျ​ရောက်​လာ​လိမ့်​မည်။ သူ​သည်​မီး​ရှို့​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ့​အား တ​ရား​စီ​ရင်​တော်​မူ​သော​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​သည် တန်​ခိုး​ကြီး​တော်​မူ​သော​ကြောင့်​ဖြစ်​သ​တည်း'' ဟု​ဆို​၏။

Revelation 18:15ဗာ​ဗု​လုန်​မြို့​ကို​အ​မှီ​ပြု​၍​ထို​ကုန်​ပစ္စည်း​များ ကို​ရောင်း​ဝယ်​ခြင်း​အား​ဖြင့်​ချမ်း​သာ​ကြွယ်​ဝ လာ​သော​ကုန်​သည်​ကြီး​များ​သည်​ထို​မြို့​ခံ​ရ သည့်​ဒဏ်​ကြောင့်​ကြောက်​ရွံ့​တုန်​လှုပ်​ကာ​အ​ဝေး မှ​ရပ်​လျက်၊-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ဗျာဒိတ်ကျမ်း 18:19

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)
← ဗျာဒိတ်ကျမ်း 18:18ဗျာဒိတ်ကျမ်း 18ဗျာဒိတ်ကျမ်း 18:20 →