ဗျာဒိတ်ကျမ်း 19:12
သူ၏မျက်လုံးတော်တို့သည်မီးလျှံကဲ့သို့ တောက်ပ၏။ သူ၏ဦးခေါင်းတော်တွင်သရဖူ များကိုဆောင်းထား၏။ မိမိမှတစ်ပါး အခြားမည်သူမျှမသိသည့်အမည်နာမ တော်ကိုသူ၏အပေါ်မှာရေးမှတ်ထား၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 32:29ယာကုပ်က``ကိုယ်တော်၏နာမကိုသိပါရစေ'' ဟုလျှောက်လေ၏။ ထိုသူက``သင်သည်ငါ၏နာမကိုအဘယ် ကြောင့်သိလိုသနည်း'' ဟုမေး၏။ ထိုနောက် ယာကုပ်ကိုကောင်းချီးပေးလေ၏။
Judges 13:18ကောင်းကင်တမန်က``ငါ၏နာမကိုအဘယ် ကြောင့်သိလိုသနည်း။ ယင်းမှာအံ့သြဖွယ် ကောင်းသည့်နာမဖြစ်၏'' ဟုဆို၏။
Isaiah 62:3သင်သည်ထာဝရဘုရားအတွက် အလွန်လှပတင့်တယ်သောဦးရစ်သရဖူသဖွယ် ဖြစ်လိမ့်မည်။
Matthew 11:27ထိုနောက်ကိုယ်တော်က ``ငါ့ခမည်းတော်သည်ခပ်သိမ်း သောအရာတို့ကိုငါ့အားပေးအပ်ထားတော်မူလေပြီ။ ခမည်းတော်မှတစ်ပါးအခြားမည်သူမျှသားတော်ကို မသိ။ ခမည်းတော်ကိုလည်းသားတော်နှင့်သားတော် ဖွင့်ပြလိုသူများမှတစ်ပါးအခြားမည်သူမျှ မသိ။
Matthew 28:18သခင်ယေရှုသည်တပည့်တော်တို့အနီးသို့ကြွလာ တော်မူလျက် ``ကောင်းကင်ဘုံ၌လည်းကောင်း၊ ကမ္ဘာ မြေကြီးပေါ်၌လည်းကောင်းရှိသမျှသောတန်ခိုး အာဏာတို့ကိုငါခံယူရရှိထားလေပြီ။-