ဗျာဒိတ်ကျမ်း 19:8
သူသည်ဝတ်ဆင်ရန်တောက်ပဖြူစင်သောပိတ် ချောထည်ကိုရရှိထားပြီ'' ဟုဆို၏။ (ထိုပိတ် ချောထည်ကားဘုရားသခင်လူစုဝင်တို့၏ မွန်မြတ်သည့်အကျင့်များကိုဆိုလိုသတည်း။)
Common Language Bible
In The King James Version
In Context
Cross References
Psalms 132:9ကိုယ်တော်ရှင်၏ယဇ်ပုရောဟိတ်တို့သည် မှန်ကန်ရာကို အမြဲပြုကျင့်နိုင်ကြပါစေသော။ ကိုယ်တော်ရှင်၏လူစုတော်သည်ဝမ်းမြောက် ရွှင်လန်းစွာကြွေးကြော်ကြပါစေသော။
Isaiah 61:10ယေရုရှလင်မြို့သည်ထာဝရဘုရားပြု တော်မူသော အမှုတော်အတွက်ရွှင်လန်းဝမ်းမြောက်ရလိမ့်မည်။ သူသည်မင်္ဂလာဆောင်ပွဲအတွက်ဝတ်စား တန်ဆာဆင်ထားသည့်သတို့သမီးနှင့်တူ၏။ ဘုရားသခင်သည်သူ့ကိုကယ်တင်ခြင်းနှင့် အောင်မြင်ခြင်း တို့ဖြင့်တန်ဆာဆင်ပေးတော်မူပါ၏။
Matthew 17:2သူတို့၏ရှေ့တွင်ကိုယ်တော်၏အဆင်းသဏ္ဌာန်တော် သည်ပြောင်းလဲသွား၏။ မျက်နှာတော်သည်နေကဲ့ သို့တောက်ပလျက်အဝတ်တော်များသည်လည်း အလင်းကဲ့သို့ဖြူလျက်နေ၏။-
Mark 9:3အဝတ်တော်သည်တောက်ပလျက်လွန်မင်းစွာ ဖြူဖွေးလာ၏။ ဤမျှဖြူဖွေးစေရန်ဤလောက တွင်မည်သည့်ခဝါသည်မျှမတတ်နိုင်ရာ။-
Acts 1:10ဤသို့ကိုယ်တော်တက်ကြွတော်မူစဉ်တမန်တော် တို့သည် မိုးကောင်းကင်သို့အာရုံစိုက်၍ကြည့်နေ ကြ၏။ ထိုအခါဝတ်ဖြူစင်ကြယ်နှင့်လူနှစ်ယောက် သည်ရုတ်တရက်သူတို့အနီးတွင်ပေါ်လာလေ၏။-
Romans 13:14အရှင်ယေရှုခရစ်ကိုလက်နက်သဖွယ်ယူ ဆောင်ကြလော့။ ကာယတပ်မက်မှုအလို သို့လိုက်၍မကျင့်ကြနှင့်။