ဗျာဒိတ်ကျမ်း 21:4
ကိုယ်တော်သည်သူတို့၏မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ နောက်တစ်ဖန်သေခြင်း၊ ဝမ်းနည်း ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ နာကျင်ခြင်းတို့သည် ရှိကြတော့မည်မဟုတ်။ ရှေးအရာတို့သည် ပျောက်ကွယ်သွားပြီ'' ဟုဆို၏။
Common Language Bible
In The King James Version
In Context
Cross References
Psalms 144:4လူသည်ထွက်သက်ဝင်သက်လေနှင့်တူပါ၏။ သူ၏အသက်တာသည်လွန်သွားတတ်သော အရိပ်နှင့်တူပါ၏။
Isaiah 30:19ယေရုရှလင်မြို့တွင်နေထိုင်ကြသောသူတို့၊ သင်တို့သည်ငိုယိုရကြတော့မည်မဟုတ်။ ထာဝရဘုရားသည်သနားကြင်နာတော် မူတတ်၏။ ကူမတော်မူရန်အထံတော်သို့ သင်တို့ဟစ်အော်ကြသောအခါ ကိုယ်တော် သည်နားညောင်းတော်မူ၍အဖြေပေး လိမ့်မည်။-
Isaiah 51:11ကိုယ်တော်ရှင်ကယ်ဆယ်တော်မူလိုက်သည့် သူတို့သည်အားရရွှင်လန်းစွာသီဆိုကြွေး ကြော်လျက်၊ ယေရုရှလင်မြို့သို့ရောက်ရှိလာကြပါလိမ့်မည်။ သူတို့သည်ထာဝစဉ်ဝမ်းမြောက်ရွှင်လန်းရကြ၍၊ ထာဝစဉ်ဝမ်းနည်းကြေကွဲမှုနှင့်ကင်းလွတ်ရကြ ပါလိမ့်မည်။
Isaiah 61:3ဇိအုန်မြို့တွင်ပူဆွေးဝမ်းနည်းနေသူတို့အား ပူဆွေးခြင်းအစား ဝမ်းမြောက်ခြင်းကိုလည်းကောင်း၊ ဝမ်းနည်းခြင်းအစားထောမနာသီချင်း ကိုလည်းကောင်း ပေးရန်ကိုယ်တော်သည်ငါ့အားစေလွှတ်တော်မူပြီ။ သူတို့သည်ထာဝရဘုရား၏ဂုဏ်တော်ကို ထင်ရှားစေရန် ကိုယ်တော်တိုင်စိုက်တော်မူသောဖြောင့်မတ်ခြင်း တည်းဟူသော ဝက်သစ်ချပင်များသဖွယ်စိုပြေဖွံ့ဖြိုးကြလိမ့်မည်။
Jeremiah 31:13ထိုအခါသမီးကညာတို့သည်ပျော်ရွှင်ဝမ်း မြောက်စွာ ကခုန်ကြလိမ့်မည်။ လူအိုလူပျိုများသည်လည်းအားရ ရွှင်မြူးကြလိမ့်မည်။ ငါသည်သူတို့အားနှစ်သိမ့်စေ၍သူတို့ငို ကြွေးခြင်းကို ပျော်ရွှင်ခြင်းအဖြစ်သို့လည်းကောင်း၊ သူတို့၏ဝမ်းနည်းခြင်းကို နှစ်သိမ့်ခြင်းနှင့်ဝမ်းမြောက်ခြင်းအဖြစ်သို့လည်း ကောင်း ပြောင်းလဲစေမည်။
Matthew 24:35ကောင်းကင်နှင့်မြေကြီးမတည်သော်လည်းငါ၏ စကားတည်လိမ့်မည်။''