ဗျာဒိတ်ကျမ်း 3:14
``လောဒိကိအသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်ဘုရားသခင်ဖန်ဆင်းတော်မူ သောအရာအပေါင်းတို့၏အစမူလဖြစ်တော် မူသော၊ သစ္စာရှိ၍ဟုတ်မှန်သောသက်သေခံဖြစ် တော်မူသောအာမင်၏ထံမှဖြစ်သည်။-
Common Language Bible
In The King James Version
In Context
Cross References
Proverbs 8:22ထာဝရဘုရားသည် ရှေးအမှုတော်ကို မပြုမှီ ထွက်ကြွတော်မူစကပင် ငါ့ကို ပိုင်တော်မူ၏။
Isaiah 65:16ပြည်တော်တွင်ကောင်းချီးမင်္ဂလာခံယူလိုသူ မှန်သမျှသည်သစ္စာတော်အရှင်၊ ဘုရားသခင် ၏ကောင်းချီးမင်္ဂလာကိုတောင်းခံကြလိမ့်မည်။ ကျိန်ဆိုပြောဆိုသူမှန်သမျှသည်လည်း သစ္စာတော်အရှင်၊ ဘုရားသခင်၏နာမတော် ကိုတိုင်တည်ကျိန်ဆိုကြလိမ့်မည်။ အတိတ် ကာလကဆင်းရဲဒုက္ခများသည်ကွယ်ပျောက် သွားလိမ့်မည်။ ယင်းတို့ကိုလူတို့သည်မေ့ လျော့သွားကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
2 Corinthians 1:20ဘုရားသခင်၏ကတိတော်အပေါင်းတို့သည် ``ဟုတ်မှန်သည်'' ဟုဖော်ပြသောအရှင်ဖြစ် တော်မူ၏။ ထိုကြောင့်ငါတို့သည်ဘုရားသခင် ၏ဘုန်းအသရေတော်ထွန်းတောက်စေရန်ယေရှု ခရစ်ကိုအမှီပြု၍``အာမင်'' ဟုဆိုခြင်းဖြစ်၏။-
Colossians 1:18ကိုယ်တော်သည်အသင်းတော်တည်းဟူသော ကိုယ်ခန္ဓာတော်၏ဦးခေါင်းဖြစ်တော်မူ၏။ ကိုယ် တော်ထံမှကိုယ်ခန္ဓာတော်အသက်ကိုရရှိ၏။ ထိုအရှင်သည်သားဦးဖြစ်၍သေခြင်းမှ ဦးစွာပထမရှင်ပြန်ထမြောက်တော်မူ သဖြင့် အရာခပ်သိမ်းတို့၏အထွတ်အထိပ် အဖြစ်ကိုခံယူတော်မူပေသည်။-
Colossians 4:16ဤစာကိုသင်တို့အသင်းတော်ဝင်တို့အားဖတ် ပြပြီးသောအခါ လောဒိကိအသင်းတော်ဝင် တို့အားလည်းဖတ်စေကြလော့။ လောဒိကိ အသင်းတော်မှတစ်ဆင့်ပေးပို့မည့်စာကိုလည်း သင်တို့ဖတ်ရှုကြလော့။-
Revelation 1:11ထိုအသံက``သင်မြင်ရသည့်အရာကိုစာ စောင်တွင်ရေးသား၍ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလ ဒေဖိမြို့၊ လောဒိကိမြို့များရှိအသင်းတော် ခုနစ်ပါးသို့ပေးပို့လော့'' ဟုဆို၏။