ဗျာဒိတ်ကျမ်း 3:15
သင်ပြုခဲ့သည့်အမှုကိုငါသိ၏။ သင်သည်အပူ လည်းမဟုတ်၊ အအေးလည်းမဟုတ်သည်ကိုငါ သိ၏။ သင်သည်အပူသို့မဟုတ်အအေးတစ်ခု ခုဖြစ်စေရန်ငါအလိုရှိ၏။-
Common Language Bible
In The King James Version
I know thy works, that thou art neither cold nor hot: I would thou wert cold or hot.
In Context
16သို့ရာတွင်သင်သည်မပူမအေးနွေးရုံသာရှိ သဖြင့် သင့်အားငါ၏ခံတွင်းမှထွေးထုတ်မည်။-
Cross References
Joshua 24:15အကယ်၍သင်တို့သည်ထာဝရဘုရားကို မကိုးကွယ်လျှင် မက်ဆိုပိုတေးမီးယားပြည် ၌သင်တို့၏ဘိုးဘေးများကိုးကွယ်သော ဘုရားများမှဖြစ်စေ၊ သင်တို့ယခုနေထိုင် ရာအာမောရိအမျိုးသားတို့ကိုးကွယ်သော ဘုရားများမှဖြစ်စေ၊ ကိုးကွယ်ရန်ဘုရား ကိုယနေ့ရွေးချယ်ကြလော့။ ငါနှင့်ငါ၏ မိသားစုတို့မူကားထာဝရဘုရားကို သာကိုးကွယ်မည်'' ဟုပြောကြားလေ၏။
Psalms 81:11သို့ရာတွင်ငါ၏လူစုတော်ကားငါ့စကားကို နားမထောင်ကြ။ ဣသရေလအမျိုးသားတို့သည်ငါ့အမိန့်ကို မနာခံကြ။
Hosea 7:8ထာဝရဘုရားက``ဣသရေလပြည်သား တို့သည်တစ်ဝက်သာကျက်သောမုန့်နှင့်တူ၏။ သူတို့သည်ပတ်ဝန်းကျင်ရှိနိုင်ငံများ ကိုအားကိုးကြ၏။-
Zephaniah 1:5အိမ်ခေါင်မိုးထက်သို့တက်၍ နေ၊ လ၊ ကြယ် တာရာများကိုရှိခိုးဝတ်ပြုသူမှန်သမျှ ကိုငါသုတ်သင်ပယ်ရှင်းမည်။ ငါ့အားဝတ် ပြုကိုးကွယ်ကာသစ္စာစောင့်ပါမည်ဟုကျိန် ဆိုကတိပြုပြီးလျှင် မောလုတ်၏အမည် နာမကိုတိုင်တည်ကျိန်ဆိုသူတို့ကိုလည်း သုတ်သင်ပယ်ရှင်းမည်။
Matthew 10:37မိဘကိုငါ့ထက်ပို၍ချစ်သူသည်ငါ၏တပည့် မဖြစ်ထိုက်၊ သားသမီးကိုငါ့ထက်ပို၍ချစ်သူ သည်ငါ၏တပည့်မဖြစ်ထိုက်။-
Luke 14:27မိမိလက်ဝါးကပ်တိုင်ကိုထမ်း၍ငါ့နောက်သို့ မလိုက်သောသူသည် ငါ၏တပည့်မဖြစ်နိုင်။-