ဗျာဒိတ်ကျမ်း 3:18
သို့ဖြစ်၍သင်သည်ချမ်းသာကြွယ်ဝခြင်းငှာရွှေ စင်ကို ငါ့ထံမှဝယ်ယူရန်ငါအကြံပေး၏။ ထို့ အပြင်အဝတ်အချည်းစည်းဖြစ်မှုနှင့်အရှက် ကိုဖုံးရန်ဝတ်ဖြူစင်ကြယ်ကိုလည်းကောင်း၊ မျက် စိအလင်းရစေရန်မျက်စဉ်းဆေးကိုလည်း ငါ့ထံမှဝယ်ယူလော့။-
Common Language Bible
In The King James Version
In Context
Cross References
Psalms 16:7ထာဝရဘုရားသည် ငါ့ကိုလမ်းပြပို့ဆောင်တော်မူသဖြင့် ငါသည်ကိုယ်တော်အားထောမနာပြု၏။ ငါ၏သြတ္တပ္ပစိတ်သည်ညဥ့်အခါငါ့ကို သတိပေးနှိုးဆော်တတ်၏။
Psalms 73:24ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားအကြံပေး၍ လမ်းပြတော်မူပြီးလျှင်နောက်ဆုံး၌ ကျွန်တော်မျိုးအားချီးမြှင့်ရန်လက်ခံတော်မူ လိမ့်မည်။
Proverbs 1:25ငါသတိပေးခြင်းရှိသမျှကို သင်တို့သည်ပယ်၍၊ ငါဆုံးမသော စကားတခွန်းကို နားမခံဘဲနေသောကြောင့် ၎င်း၊
Proverbs 19:20နောက်ဆုံးကာလ၌ ပညာရှိဖြစ်လိုသောငှါ၊ ဆုံးမသော စကားကို နားထောင်၍ နည်းဥပဒေကို ခံယူ လော့။
Ecclesiastes 8:2ဘုရားသခင့်ရှေ့တော်၌ ပြုသောသစ္စာကို ထောက် ၍၊ ရှင်ဘုရင်အမိန့်တော်ကို စောင့်လော့။
Isaiah 55:1ရေငတ်သူအပေါင်းတို့၊လာကြလော့။ ဤအရပ်တွင်ရေရှိ၏။ ကြေးငွေမရှိသူတို့လာ၍ဂျုံစပါးကို ဝယ်ယူစားသုံးကြလော့။ နို့နှင့်ပျားရည်ကိုဝယ်ယူကြလော့။ အဖိုးငွေတစ်ပြားတစ်ချပ်မျှသင်တို့ ကုန်ကျရလိမ့်မည်မဟုတ်။