ဗျာဒိတ်ကျမ်း 3:17
``ငါသည်ချမ်းသာကြွယ်ဝ၏။ ငါ့မှာလိုလေ သေးမရှိ'' ဟုသင်ဆို၏။ သို့ရာတွင်မိမိသည် အဘယ်မျှဆင်းရဲငြိုငြင်သနားစရာကောင်း သည်ကိုသင်သိ၏။ သင်သည်ချို့တဲ့လျက်၊ မျက် စိကန်းလျက်အဝတ်အချည်းစည်းဖြစ်လျက် နေပါသည်တကား။-
Common Language Bible
In The King James Version
In Context
16သို့ရာတွင်သင်သည်မပူမအေးနွေးရုံသာရှိ သဖြင့် သင့်အားငါ၏ခံတွင်းမှထွေးထုတ်မည်။-
Cross References
Genesis 3:10ထိုအခါလူယောကျာ်းက``ကိုယ်တော်ဥယျာဉ်ထဲ ၌ကြွလာတော်မူသောအသံကိုကြားရ၍ အဝတ်အချည်းစည်းရှိသောကြောင့်ကြောက် ၍ပုန်းနေပါသည်'' ဟုလျှောက်လေ၏။
Deuteronomy 8:12ဝစွာစားရလျက်အိမ်ကြီးအိမ်ကောင်းများ ဆောက်လျက် နေထိုင်ရသည့်အခါ၌လည်း ကောင်း၊-
Proverbs 30:9သို့မဟုတ်၊ အကျွန်ုပ်သည် ကြွယ်ဝ၍၊ ထာဝရ ဘုရားကား၊ အဘယ်သူနည်းဟုဆိုလျက်၊ ကိုယ်တော်ကို ငြင်းပယ်မည်ဟု ဆိုးရိမ်စရာရှိပါ၏။ သို့မဟုတ်၊ ဆင်းရဲ၍ သူ့ဥစ္စာကိုခိုးသဖြင့်၊ အကျွန်ုပ်၏ ဘုရားသခင် နာမ တော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုမည်ဟု စိုးရိမ်စရာ ရှိပါ၏။
Jeremiah 2:31ဣသရေလပြည်သူတို့၊ သင်တို့သည်ထာဝရ ဘုရား၏စကားကိုနားထောင်ကြလော့။ ငါ သည်သင်တို့အဖို့တောကန္တာရကဲ့သို့လည်း ကောင်း၊ မှောင်အတိလွှမ်းနေသည့်ပြည်ကဲ့သို့ လည်းကောင်းဖြစ်၍နေလေပြီလော။ ယင်းသို့ မဟုတ်ပါမူသင်တို့သည်အဘယ်ကြောင့် ထင်သလိုပြုကျင့်ကာ ငါ့ထံသို့အဘယ် အခါမျှပြန်မလာဘဲနေတော့မည်ဟု ဆိုကြသနည်း။-
Zechariah 11:5သိုးရှင်များသည်ထိုသိုးတို့ကိုသတ်ဖြတ် ကြသော်လည်း အဘယ်သို့မျှအပြစ်မသင့် ကြ။ သူတို့သည်သိုးသားကိုရောင်းပြီး လျှင်`ငါတို့ကားချမ်းသာကြွယ်ဝလာလေ ပြီ။ ထာဝရဘုရားသည်မင်္ဂလာရှိတော်မူ စေသတည်း။' သိုးထိန်းများပင်လျှင်မိမိ တို့၏သိုးများကိုသနားဖော်မရကြဟု ဆိုကြ၏'' ဟူ၍မိန့်တော်မူ၏။
Matthew 9:12ယင်းသို့မေးမြန်းသည်ကိုသခင်ယေရှုကြား တော်မူလျှင် ``ကျန်းမာသူသည်ဆရာဝန်ကို မလို။ ဖျားနာသူသာလျှင်လို၏။-