ဗျာဒိတ်ကျမ်း 6:11
ထိုသူတို့သည်ဝတ်လုံဖြူတစ်ထည်စီကိုရပြီး လျှင် မိမိတို့နည်းတူအသတ်ခံရကြမည့် အစေခံချင်းနှင့်ညီအစ်ကိုချင်း အရေအတွက် ပြည့်သည့်တိုင်အောင်ခဏငြိမ်သက်စွာနေကြ ရန်အမိန့်ကိုရကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Daniel 12:13``ဒံယေလ၊ သင်သည်လည်းအဆုံးတိုင်အောင် သစ္စာရှိလော့။ ထိုနောက်သင်သည်သေလိမ့်မည်။ သို့ရာတွင်သင်သည်ကပ်ကာလကုန်ဆုံးချိန် ၌ ဆုတော်လာဘ်တော်ကိုခံယူရန်ရှင်ပြန် ထမြောက်လိမ့်မည်'' ဟုဆို၏။ ပရောဖက်ဒံယေလစီရင်ရေးသား သောအနာဂတ္တိကျမ်းပြီး၏။
Matthew 23:34သင်တို့အားငါဆိုသည်ကား၊ သင်တို့ထံသို့ ပရောဖက်များ၊ ပညာရှိများ၊ ကျမ်းတတ်ဆရာ များကိုငါစေလွှတ်မည်။ သင်တို့သည်ထိုသူ အချို့တို့ကိုသတ်ဖြတ်ကြ၍အချို့ကိုလက် ဝါးကပ်တိုင်တွင်တင်ကြလိမ့်မည်။ အချို့ကိုမူ တရားဇရပ်များတွင်ကြိမ်ဒဏ်ပေး၍အချို့ ကိုမူတစ်မြို့ပြီးတစ်မြို့လိုက်လံဖမ်းဆီးကြ လိမ့်မည်။-
Hebrews 11:40အဘယ်ကြောင့်ဆိုသော်ဘုရားသခင်သည် ငါတို့အတွက်ပိုမိုကောင်းမြတ်သည့်အကြံ အစည်တော်ရှိတော်မူသောကြောင့်ဖြစ်၏။ ယင်းအကြံအစည်တော်မှာထိုသူတို့သည် ငါတို့ပါရှိမှသာလျှင်ပြည့်ဝစုံလင်သူ များဖြစ်လာကြစေရန်ပင်ဖြစ်ပေသည်။
Revelation 7:9ထိုနောက်ငါကြည့်လိုက်သောအခါ အဘယ် သူမျှမရေမတွက်နိုင်သောလူအုပ်ကြီး ကိုတွေ့ရ၏။ သူတို့သည်ဘာသာစကား အမျိုးမျိုးကိုပြောဆိုသော လူမျိုးအနွယ် ခပ်သိမ်းတို့မှလာရောက်ကြသူများဖြစ် ကြ၏။ သူတို့သည်ဝတ်လုံဖြူများကိုဝတ် လျက်စွန်ပလွန်ခက်များကိုကိုင်ကာ ပလ္လင် တော်နှင့်သိုးသူငယ်တော်၏ရှေ့တွင်ရပ် လျက်နေကြ၏။-
Revelation 13:15ထိုရုပ်တုသည်စကားပြောနိုင်ရန်လည်း ကောင်း၊ မိမိအားမရှိခိုးသူအပေါင်းတို့ အားသေစေနိုင်ရန်လည်းကောင်း ဒုတိယ သားရဲသည်ထိုရုပ်တုကိုအသက်သွင်း ပေးခွင့်ကိုလည်းရ၏။-
Revelation 17:6ထိုအမျိုးသမီးသည်ဘုရားသခင်လူစုတော် ၏သွေးကိုလည်းကောင်း၊ သခင်ယေရှုကိုသစ္စာ ရှိသဖြင့် အသတ်ခံရသူတို့၏သွေးကိုလည်း ကောင်းသောက်၍ယစ်မူးလျက်ရှိသည်ကိုငါ တွေ့မြင်ရ၏။ သူ့ကိုမြင်ရသောအခါငါသည်လွန်စွာ အံ့သြ၍နေ၏။-