ဗျာဒိတ်ကျမ်း 6:8
ငါကြည့်လိုက်သောအခါမြင်းမွဲတစ်ကောင်ကို တွေ့ရ၏။ မြင်းစီးသူရဲ၏နာမည်မှာသေမင်း ဖြစ်၏။ သူ၏နောက်မှမရဏာနိုင်ငံလိုက်ပါ လာ၏။ သူတို့သည်ကမ္ဘာမြေကြီး၏လေးပုံတစ် ပုံတွင်ရှိသောလူတို့အားဋ္ဌားဘေး၊ ငတ်မွတ် ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေး၊ သားရဲ တိရစ္ဆာန်များ၏ဘေးတို့ဖြင့်သေစေနိုင်သည့် အခွင့်အာဏာကိုရရှိထားကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Leviticus 26:22ငါသည်သင်တို့ရှိရာသို့သားရဲများကိုစေ လွှတ်၍ သင်တို့၏သားသမီးများ၊ သိုးနွား များကိုကိုက်သတ်စေမည်။ လူဦးရေလျော့ နည်းလာသောကြောင့် လမ်းများပေါ်တွင် သွားလာသူကင်းမဲ့လျက်ရှိလိမ့်မည်။
Isaiah 25:8ထာဝရဘုရားသည်သေခြင်းတရားကိုထာဝ စဉ်ချေမှုန်းဖျက်ဆီးတော်မူလိမ့်မည်။ လူခပ်သိမ်း တို့၏မျက်နှာမှမျက်ရည်များကိုသုတ်တော်မူ ၍ကမ္ဘာတစ်ဝှမ်းလုံးတွင် မိမိ၏လူမျိုးတော်ကြုံ တွေ့ရသည့်အရှက်ကွဲအကျိုးနည်းမှုများကို လည်းဖယ်ရှားတော်မူလိမ့်မည်။ ဤကားထာဝရ ဘုရားကိုယ်တော်တိုင်မိန့်တော်မူသောစကား ပင်ဖြစ်၏။
Jeremiah 16:4ထိုသူတို့သည်ကြောက်မက်ဖွယ်ကောင်းသည့် အနာရောဂါဘေးသင့်၍သေရကြလိမ့်မည်။ အဘယ်သူမျှသူတို့အတွက်ငိုကြွေးမြည် တမ်းကြလိမ့်မည်မဟုတ်။ သူတို့၏အလောင်း များကိုလည်းသင်္ဂြိုဟ်ကြလိမ့်မည်မဟုတ်။ ထို အလောင်းတို့သည်မြေပေါ်တွင်နောက်ချေးပုံ များကဲ့သို့ရှိနေကြလိမ့်မည်။ ထိုသူတို့သည် စစ်ပွဲတွင်ကျဆုံးရကြလိမ့်မည်။ သို့မဟုတ် လျှင်လည်းအစာငတ်မွတ်ခေါင်းပါးခြင်းဘေး သင့်၍သေရကြလျက် သူတို့၏အလောင်း များသည်ငှက်များနှင့်တောသားရဲများ ၏အစာဖြစ်လိမ့်မည်။''
Jeremiah 43:11နေဗုခဒ်နေဇာသည်လာ၍အီဂျစ်ပြည်ကို နှိမ်နင်းအောင်မြင်လိမ့်မည်။ သူသည်အနာ ရောဂါဘေးဖြင့်သေရကြမည့်သူတို့အား အနာရောဂါဘေးဖြင့်သေစေလိမ့်မည်။ သုံ့ ပန်းများအဖြစ်နှင့်ခေါ်ဆောင်ခြင်းခံရကြ မည့်သူတို့အားသုံ့ပန်းများအဖြစ်ခေါ်ဆောင် သွားလိမ့်မည်။ စစ်ပွဲတွင်ကျဆုံးရကြမည့် သူတို့အားစစ်ပွဲတွင်ကျဆုံးစေလိမ့်မည်။-
Ezekiel 5:15``ငါသည်သင့်အားအမျက်ဒေါသပြင်း စွာထွက်၍ နာကျင်စွာအပြစ်ဒဏ်ခတ်သော အခါ ပတ်ဝန်းကျင်မှလူမျိုးတကာတို့ သည်ထိတ်လန့်ကြလျက် သင့်အားစက်ဆုပ် သည့်အမူအရာဖြင့်ကြည့်၍သတိပေး လျက်ပြက်ရယ်ပြုကြလိမ့်မည်။-
Hosea 13:14ငါသည်ဤသူတို့ကိုမရဏာနိုင်ငံမှလည်း ကောင်း၊ သေမင်း၏အာဏာအတွင်းမှသော် လည်းကောင်းကယ်တင်မည်မဟုတ်။ အို သေမင်း သင်၏ကပ်ရောဂါဘေးကျရောက်စေလော့။ အို မရဏာနိုင်ငံသင်၏ပျက်စီးခြင်းဘေး ကျရောက်စေလော့။ ငါသည်ဤသူတို့ကို မသနားမကြင်နာတော့ပြီ။-